DVB Logo
Home
မြန်မာသတင်း
ကလေးဝတွင် ယမ်းပေါက်ကွဲစေသည့် ပံ့ပိုးပစ္စည်း ဒီတိုနေတာ ၄ သောင်း ဖမ်းမိ
DVB
·
October 18, 2017
ကလေးဝတွင် ယမ်းပေါက်ကွဲစေသည့် ပံ့ပိုးပစ္စည်း ဒီတိုနေတာ ၄ သောင်း ဖမ်းမိ
Donate to DVB

 

ကလေးဝမြို့မှာ ယမ်းပေါက်ကွဲစေတဲ့ပံ့ပိုးပစ္စည်း ဒီတိုနေတာ (Detonator) အခုရေ ၄ သောင်း ဖမ်းမိခဲ့တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

အောက်တိုဘာ ၁၆ ရက် ည ၉ နာရီလောက်က ကလေးနဲ့ ကလေးဝရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး စစ်ဆေးရှာဖွေနေတုန်း ကလေးဝ-ရေဦး-တန့်ဆည် ကားလမ်းမိုင်တိုင် ၁၀၄ နဲ့ ၁၀၅ ကြားမှာ ကလေးဝမြို့နယ်ဘက်က ရေဦးမြို့ဘက်ကို မောင်းနှင်လာတဲ့ ကားပေါ်ကနေ ဖမ်းမိခဲ့တယ်လို့  ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။

ကလေးဝမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းနိုင်က “နေပြည်တော် မှုခင်းတပ်ဖွဲ့ကို နမူနာပို့ဖို့ စီစဉ်နေပါတယ်။ လက်ရှိတော့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းများဆိုင်ရာ ဥပဒေပုဒ်မ ၅ နဲ့ အမှုဖွင့်ထားပါတယ်” လို့ ပြောပါတယ်။

ကားမောင်းနှင်သူက မဟာအောင်မြေမြို့နယ်နေသူ ရွှေသန့်စင်လုပ်ငန်းလုပ်တဲ့ သန်းနိုင်ဦးဖြစ်ပြီး ပုသိမ်ကြီးမြို့နယ်နေသူ ရွှေသန့်စင်လုပ်ငန်းလုပ်တဲ့ ပြည်ဖြိုးမောင် လိုက်ပါလာတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့ကလည်း ချင်းပြည်နယ် ရိဒ်မြို့နယ်ကနေ ကလေးမြို့ကို မောင်းနှင်လာတဲ့ ဂျစ်ကားယာဉ်ပေါ်က အိန္ဒိယနိုင်ငံထုတ် ယမ်းပေါက်ကွဲစေတဲ့ ပံ့ပိုးပစ္စည်း စနက်တံတွေ အချောင်း ၁၀၀၀၀ ဖမ်းမိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013