DVB Logo
Home
မြန်မာသတင်း
ပခုက္ကူတွင် ယာဉ်ကြောပိတ်ဆို့မှု ဖြေလျှော့နိုင်ရေး ပလက်ဖောင်းများ ဖျက်ပြီး လမ်းချဲ့
DVB
·
October 18, 2017
Donate to DVB

ပခုက္ကူမြို့မှာ ယာဉ်ကြောပိတ်ဆို့မှုကို လျော့နည်းနိုင်ဖို့ ပလက်ဖောင်းတွေကို ဖြိုဖျက်ပြီး လမ်းချဲ့ထွင်မှုတွေကို သက်ဆိုင်ရာက ပြုလုပ်နေပါတယ်။

ပခုက္ကူမြို့ရဲ့ လမ်းမကြီးတခုဖြစ်တဲ့ မြို့မလမ်းတလျှောက် ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချနိုင်ဖို့ လူသွားပလက်ဖောင်းတွေကို ဖြိုဖျက်ချဲ့ထွင်နေတာပါ။ ဒီလိုလမ်းချဲ့ပေးဖို့ကို ပခုက္ကူမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လူထုက တောင်းဆိုခဲ့တာလို့ ဆိုပါတယ်။

ပခုက္ကူခရိုင် စည်ပင်သာယာဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မင်းကြိုင်က “ဒီလမ်းကြီးကို ပခုက္ကူပေါက် ကျောက်ထု ကံကြီးလမ်းလို့ ခေါ်ပါတယ်။ ဒီလမ်းကြီးမှာ လက်ရှိ ယာဉ်ကြောတွေ ကျပ်တည်းနေတယ်ပေါ့။ ဒါကြောင့် ဒီလမ်းကြီးကို ချဲ့ပေးဖို့ စီစဉ်ဆောင်ရွက်ပေးဖို့ ဆိုပြီး ဒုသမ္မတကြီးကို တင်ပြကြတယ်။ ဒုသမ္မတကြီးကလည်း ဒီလမ်းက ဆောက်လုပ်ရေးဌာန လမ်းဦးစီးဌာနက ပိုင်တဲ့လမ်းပေါ့။ အဲဒါနဲ့ ဆောက်လုပ်ရေးကလည်း လူကြီးခရီးစဉ် ညွှန်ကြားချက်အတိုင်း ဆက်လုပ်မယ့် အဆင့်ဆင့်လည်း တင်ပြပြီးပြီပေါ့။ သို့သော်လည်းပဲ စည်ပင်သာယာက ပလက်ဖောင်းတွေ ဖျက်ပေးပါဆိုလို့ စည်ပင်သာယာက ပလက်ဖောင်းတွေ စဖျက်တာပေါ့” လို့ ပြောပါတယ်။

အခုလို ဆောင်ရွက်ရာမှာ လူသွားစင်္ကြံလည်း ပျောက်မသွားအောင်၊ ရေစီးရေလာလည်း ကောင်းအောင် ရေမြောင်းတွေကို ချဲ့ထွင်ပြီး ဒီရေမြောင်းတွေကို ခိုင်ခံ့တဲ့ အဖုံးအုပ်ကာ လူသွားစင်္ကြံ ပလက်ဖောင်းအဖြစ် ထားပေးမယ်လို့ ပခုက္ကူစည်ပင်သာယာရေးဌာန ခရိုင်ဒုတိယညွှန်ကြားရေးမှူးက ပြောပါတယ်။

“တချို့မသိတဲ့လူတွေကလည်း ဒီပလက်ဖောင်းဖျက်ရင်  လူသွားစင်္ကြံပလက်ဖောင်း ဘယ်လိုလျှောက်မှာလဲလို့ မေးပါတယ်။ ကျနော်တို့က ဒီပလက်ဖောင်းတွေဖျက်ပြီး လမ်းချဲ့လိုက်ပြီးရင် ယာဉ်ကြောတွေ ကျယ်လာမယ်။ လူသွားစင်္ကြံအတွက်ကတော့ လက်ရှိမြောင်းကို ချဲ့ပြီး မြောင်းလုပ်မယ်။ မြောင်းလုပ်ပြီးလို့ အဲမြောင်းပေါ်မှာ မြောင်းဖုံးတွေ စနစ်တကျလုပ်ပေးရင် ပလက်ဖောင်းမြေနေရာကို လေလွင့်နေတဲ့အစား ရေမြောင်းဖုံးပေါ်ကနေ လမ်းလျှောက်လို့ ရအောင်  လူသွားစင်္ကြံကို လုပ်ပေးမှာပါ။”

ဒီလိုဆောင်ရွက်ပြီးစီးခဲ့ရင် ပခုက္ကူမြို့မလမ်းရဲ့ နေရာတချို့မှာ အနည်းဆုံး ၆ ပေလောက် ကျယ်လာနိုင်ပြီး တချို့နေရာတွေမှာတော့ ၁၀ ပေလောက်အထိ ကျယ်လာနိုင်တယ်လို့ ဆိုပါတယ်။ တချို့ဆိုင်ခန်းတွေရဲ့ရှေ့ လမ်းမကြီးပေါ်မှာ ရပ်ထားတဲ့ ယာဉ်တွေကလည်း ယာဉ်ကြောကျပ်ရတဲ့ အကြောင်းတခု ဖြစ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013