DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်တွင် ဖမ်းဆီးခံခဲ့ရသည့် မြန်မာဓာတ်ပုံသတင်းထောက် ၂ ဦး နေရပ်ပြန်
DVB
·
October 17, 2017
ဘင်္ဂလားဒေ့ရှ်တွင် ဖမ်းဆီးခံခဲ့ရသည့် မြန်မာဓာတ်ပုံသတင်းထောက် ၂ ဦး နေရပ်ပြန်
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သတင်းသွားယူရင်း ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာသတင်း ထောက် ၂ ဦးကို သက်ဆိုင်ရာက နေရပ်ပြန်ခွင့်ပေးလိုက်ပြီး ဒီကနေ့ပြန်သွားကြပြီလို့ သူတို့ရဲ့ ရှေ့နေက ပြောပါတယ်။

သူတို့ ၂ ဦးရဲ့ ရှေ့နေ ဂျိုတီယာမွိုင် ဘာရူအာက “နောက်ဆုံးတော့ သူတို့နိုင်ငံကို သူတို့ ပြန်သွားနိုင်ကြပြီ” လို့ ပြောပါတယ်။

မြန်မာဓာတ်ပုံသတင်းထောက် မင်းဇေယျာဦးနဲ့ ခွန်လတ်တို့ဟာ ဂျာမန်အခြေစိုက် GEO မဂ္ဂဇင်းအတွက် ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ဒုက္ခသည်တွေအကြောင်းကို သွားရောက်ရိုက်ကူးရင်း စက်တင်ဘာလအစောပိုင်းက ကော့ဘဇားဒေသမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ရဲတွေကတော့ သူတို့ဟာ ခရီးသွားတိုးရစ်ဗီဇာနဲ့ နိုင်ငံတွင်းဝင် ရောက်လာခဲ့ပြီး သတင်းဓာတ်ပုံတွေ ရိုက်ကူးခဲ့တဲ့အတွက် ခုလို ဖမ်းဆီးခံခဲ့ရတာလို့ ပြောပါတယ်။

သူတို့ ၂ ဦးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းကို စက်တင်ဘာလ ၆ ရက်နေ့မှာ ရောက်ရှိခဲ့ပြီး နောက်တနေ့မှာပဲ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ GEO မဂ္ဂဇင်းက ပြောပါတယ်။

စက်တင်ဘာလ ၂၃ ရက်နေ့မှာ သူတို့ ၂ ဦးကို အာမခံနဲ့ ပြန်လွှတ်ခဲ့တာဖြစ်ပေမယ့် နေရပ်နိုင်ငံကို ပြန်ခွင့်မပြုသေးဘဲ အခုမှ ပြန်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013