DVB Logo
Home
မြန်မာသတင်း
နတ်မောက်မြို့တွင် မိုးသည်းထန်၍ ရုံးအချို့နှင့်ရပ်ကွက်အချို့ ရေနစ်မြုပ်
DVB
·
October 17, 2017
နတ်မောက်မြို့တွင် မိုးသည်းထန်၍ ရုံးအချို့နှင့်ရပ်ကွက်အချို့ ရေနစ်မြုပ်
Donate to DVB

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့မှာ အောက်တိုဘာ ၁၇ ရက်နေ့ မနက် ၁ နာရီလောက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် ဌာနဆိုင်ရာ ရုံးအချို့နဲ့ ရပ်ကွက်အချို့ ရေနစ်မြုပ်ခဲ့ကြောင်း သိရှိရပါတယ်။

နတ်မောက်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းက "ဒီနေ့ ၁၇ ရက်နေ့ မနက် ၁ နာရီလောက်က ရွာသွန်းခဲ့တဲ့မိုးကြောင့် မြို့နားတစိုက် မိုးရေချိန် လက္မ ၃.၇၇ ရှိပြီး တမြို့နယ်လုံး အတိုင်းတာအနေနဲ့ ၁.၂၆ လက္မပဲရှိပါတယ်။ ဌာနဆိုင်ရာရုံး ၆ ခု နှစ်မြုပ်တယ်။ တရားရုံး၊ စိုက်/ဘဏ်၊ မြေစာရင်း၊ စိမ်း/စို၊ လဝက၊ အခွန်းဦးစီး ဌာနတို့ ရေနစ်မြုပ်ပြီး စာရွက်စာတန်း တွေတော့ အချိန်မီရွှေ့ပြောင်းနိုင်ခဲ့တယ်။ ပျက်စီးဆုံးရှုံးမှုကတော့ မရှိပါဘူး။ ပရိဘောက အနည်းငယ်၊ သီးနှံအနည်းငယ်ပျက်စီးမှုရှိတယ်။ အတိကျကိုတော့ ရေခန်းသွားမှပဲပြောနိုင်မယ်။ ကျနော်တာဝန်ထမ်းဆောင်စဉ် ကြားသလောက်တော့ ဒါရေလွှမ်းမိုးမှု အများဆုံးပဲလို့ မြို့ခံတွေက ပြောစကားအရ သိရပါတယ်" လို့ ဒီဗွီဘီကိုပြောပါတယ်။

"ကန်ကျော်ရယ်၊ ရှမ်းမသီရယ်၊ ရွာသစ်ရယ် ဆည်ပေါက်စ သုံးခုက နောက်မုန်တိုင်းရှိလို့ လွှတ်ချမှဆိုရင် ကျနော်တို့ မနိုင်တော့ဘူး။ အဓိက ထိခိုက်မှာကတော့ စိုက်/ဘဏ်ရယ် မြေစာရင်းရုံးရယ်၊ အများဆုံးထိခိုက်မှာပေါ့။ ရေလမ်းကြောင်း လွှဲရမှာဖြစ်ပြီး မြို့ပေါ်ရပ်ကွက် အချို့နဲ့ ဌာနဆိုင်ရာရုံးတွေ ရေနစ်မြုပ်ခဲ့ပြီး ဒီထက်မိုးကြီးလာရင်တော့ သီးနှံပျက်စီးမှုတွေ ပိုများလာနိုင်တယ်”လို့ ဦးသန့်ဇင်က ဒီဗွီဘီကိုပြောပါတယ်။

"ရေလမ်းကြောင်းလွှဲ ပြောင်းဖို့အတွက်ကတော့ မြို့နယ်စည်ပင်အဖွဲ့နဲ့ ပူးပေါင်းကာ ယာကွင်းတွေပါနေတဲ့အတွက် ယာပိုင်ရှင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ဆဲဖြစ်ကြောင်း" နတ်မောက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းက ဒီဗွီဘီကိုပြောပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013