DVB Logo
Home
မြန်မာသတင်း
အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံရသူများကို ရုံးထုတ်စစ်ဆေး
DVB
·
October 17, 2017
အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံရသူများကို ရုံးထုတ်စစ်ဆေး
1 / 2
Donate to DVB

 

၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆/၆၃ တရားဆွဲဆိုထားတဲ့ ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးပြုံးချိုပါ ၅ ဦးကို အောက်တိုဘာ ၁၆ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တိုင်းတရားလွှတ်တော်မှာ ရုံးတင်စစ်ဆေးခဲ့ပါတယ်။

ဒီနေ့တရားခွင်မှာ အမှုရဲ့တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှု  တိုက်ဖျက်ရေးကော်မရှင်ရဲ့ ညွန်ကြားရေးမှူး ဦးစိန်တင်ကို စစ်ဦးပြုံးချိုရဲ့ရှေ့နေက ပြန်လှန်မေးခွန်းတွေ စစ်မေးခဲ့တာပါ။

ဒီမေးမြန်းစစ်ဆေးမှုတွေမှာ FMI က မြေကွက်ပိုင်ဆိုင်မှုတွေ ရောင်းချတာတွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တယ်လို့ စွပ်စွဲခံရသူတွေရဲ့ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေတဦးက ဆိုပါတယ်။

“မြေကွက်အရောင်း  အဝယ်စာချုပ်ကို ဦးပြုံးချိုရဲ့ ရုံးခန်းထဲမှာ စာချုပ်ချုပ်ဆိုတာတွေ၊ ကျပ်သိန်း ၆ ထောင် ပေးဆောင်ခဲ့တာတွေကို တရားလိုရဲ့အလို အလျှောက်ထွက်ဆိုချက်မှာ ထွက်ဆိုခဲ့ပေမယ့် လက်ရှိအချိန်ထိ တရားရုံးကို သက်သေအထောက်အထားတွေ တင်ပြထားခြင်း မရှိသေးဘူး” လို့ တရားလွှတ်တော်ရှေ့နေက ဆိုပါတယ်။

အရင်ပြည်ထဲရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူးဖြစ်သူ လက်ရှိ ကရင်ပြည်နယ် စိုးရအဖွဲ့ အတွင်းရေးမှူးတာဝန် ထမ်းဆောင်နေသူ ဦးပြုံးချိုအပါအ၀င် ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိ ၅ ဦးကို ရန်ကုန်မှာရှိတဲ့ မြေကွက်တကွက်နဲ့ပတ်သက်ပြီး သိန်းထောင်နဲ့ချီ အဂတိလိုက်စားမှုကြောင့်  အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဖမ်းဆီးစစ်ဆေးအရေးယူခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013