DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်းငါးစီးက ငါးဖမ်းလှေများကို မုန်တိုင်းသတိပေးချက် ထုတ်ပြန်
DVB
·
October 17, 2017
တနင်္သာရီတိုင်းငါးစီးက ငါးဖမ်းလှေများကို မုန်တိုင်းသတိပေးချက် ထုတ်ပြန်
Donate to DVB

 

မြိတ်ကျွန်းစုပင်လယ်ပြင်အတွင်း ငါးဖမ်းဆီး၊ ငါးသယ်ယူတာ ဆောင်ရွက်နေတဲ့ လှေတွေကို တနင်္သာရီတိုင်းဒေသကြီးငါးလုပ်ငန်း ဦးစီးဌာနမှ မုန်တိုင်းသတိပေးချက်ထုတ် ပြန်ထားကြောင်း သိရပါတယ်။

တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှလည်း အောက်တိုဘာ ၁၆ ရက်နေ့စွဲနဲ့ သတိပေး ချက်ထုတ်ပြန်ထားတာဖြစ်ပြီး ပင်လယ်ပြင်အတွင်းက ငါးဖမ်းလှေ တွေ၊ ငါးသယ်လှေတွေကို လက်ရှိဖြစ်ပေါ်နေတဲ့ မိုးလေ၀သအခြေအနေတွေကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ပေးဖို့ သက်ဆိုင်ရာခရိုင်ငါးဦးစီးဌာနတွေကိုလည်း ညွန်ကြားထားကြောင်း သိရပါတယ်။

"မိုးလေဝသ ဌာနက မုန်တိုင်းသတင်းထုတ်ပြန်ချက်ကို ကျနော်တို့ ငါးဦးစီးရုံးကို အချိန်နဲ့တပြေးညီ ပေးပို့နေပါတယ်။ ကျနော်တို့ငါးဦးစီးရုံးကတဆင့် ငါးသယ်/ငါးဖမ်းလှေတွေ ဝင်ထွက်နေတဲ့ ချက်ပွိုင့် (ငါးဖမ်းလှေ အဝင်အထွက် စိစစ်သည့်နေရာ) မှာ ညွှန်ကြားချက်ကို ဖြန့်ဝေပေးပါတယ်။ ဒီကတဆင့် ပင်လယ်ပြင်မှာ အလုပ်လုပ်နေတဲ့ ငါးဖမ်းလှေတွေဆီ အကြောင်းကြားပြီး အန္တရာယ်ကင်းတဲ့ ကျွန်းတွေဆီမှာ ခိုအောင်းခိုင်းပါတယ်"လို့ မြို့နယ်ငါးဦးစီးရုံးမှ ဦးစီးမှူး ဦးရန်ကင်းက ပြောပါတယ်။

မြိတ်ကျွန်းစုပင်လယ်ပြင်မှာ အခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုပြင်းထန်နေသလို လေ တိုက်နှုန်းမှာလည်း ပြင်းထန်နေကြောင်း ပင်လယ်ပြင်အတွင်းမှ ပြန်လာတဲ့ ငါးဖမ်းလှေ လုပ်သားတွေထံမှ သိရပါတယ်။

"လှိုင်းတွေ တော်တော်ကြီးပါတယ်။ ကျနော်တို့ ကျွန်းတွေနားမှာကျောက်ချပြီး အခြေအနေကြည့် ငါးဖမ်းထွက်ရပါတယ်။ မိုးတွေကလည်းနေ့တိုင်း ရွာနေတယ်။ သီးတင်းကျွတ် ပြီးကာစကတည်းက နေ့တိုင်းရွာနေတဲ့အတွက်အလုပ်သိပ်မတွင်ဘူး၊ တချို့လှေတွေလည်း ရာသီဥတု အခြေအနေကိုကြည့်ပြီး ဆိပ်ကမ်းမှာ နားနေကြတယ်"လို့ ၀ါလတ် ငါးဖမ်းလှေမှ ဦးအောင်စိုးက ပြောပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ နောက် ၁၂ နာရီအတွင်း ပိုမိုအားကောင်းတဲ့ မုန်တိုင်းငယ်အဆင့်ကို ရောက်ရှိလာနိုင်တယ်လို့ မိုးလေ၀သနှင့်ဇလဗေဒညွှန်မှု ဦးစီးဌာနရဲ့ ဒီနေ့မြန်မာစံတော်ချိန် ၁၃:၃၀ နာရီမှာ သတင်းထုတ်ပြန်ထားပါတယ်။

သတင်း - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013