DVB Logo
Home
မြန်မာသတင်း
အနည်းဆုံးအခကြေးငွေနှုန်းထား အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ထုတ်ပြန်
DVB
·
October 17, 2017
အနည်းဆုံးအခကြေးငွေနှုန်းထား အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ထုတ်ပြန်
Donate to DVB

 

အနည်းဆုံးအခကြေးငွေဆိုင်ရာနှုန်းထား ၆၆၀၀ ကျပ်ပေးဖို့ အဆိုပြုချက်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (CTUM) က ထုတ်ပြန်လိုက်ပါတယ်။

အနည်းဆုံးအခကြေးငွေ ၆၆၀၀ နှုန်းအဆိုပြုနိုင်ဖို့အတွက် သတ်မှတ်ခဲ့ရတာဟာ စားဖို့၊ နေဖို့၊ ဝတ်ဖို့၊ ကျန်းမာရေး၊ ပညာရေးနဲ့ သယ်ယူပို့ဆောင်ရေးဆိုတဲ့ အချက် ၆ ချက်ပေါ်မှာ အခြေခံပြီးဆွေးနွေးခဲ့တာကြောင့် ၆၆၀၀ နှုန်းကို နောက်ဆုံး သတ်မှတ်အတည်ပြုခဲ့ရတာလို့ CTUM က အနည်းဆုံးအခကြေးငွေသတ်မှတ်ရေး အမျိုးသားကော်မတီဝင်ဖြစ်တဲ့ ဦးဝင်းဇော်က ပြောဆိုလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ Crchild Hotel မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (CTUM) က အနည်းဆုံးအခကြေးငွေဆိုင်ရာ သဘောထား ထုတ်ပြန်ချက် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

အလုပ်သမားဖွဲ့စည်းပေါင်း ၂၅၀၀ ကျော်ရှိတဲ့အထဲမှာ အလုပ်သမားအဖွဲ့စည်းပေါင်း ၈၀၀ ကျော်နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (CTUM)က ဖွဲ့စည်းထားတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (CTUM)မှာ အလုပ်သမားပေါင်း ၆၅၀၀၀ ကျော်ရှိတယ်လို့ CTUM က ဗဟိုကော်မတီဝင် ဒေါ်ခိုင်ဇာအောင်က ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013