DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးမြို့ပေါ်တွင် ဆိုင်ကယ်ဖြင့် လုယက်သူ လူငယ်သုံးဦး ဖမ်းဆီးရမိ
DVB
·
October 17, 2017
Donate to DVB

တိုက်ကြီးမြို့ပေါ်မှာ ဆိုင်ကယ်နဲ့ လုယက်မှု အကြိမ်ကြိမ် ဖြစ်ပွားနေတာကြောင့် တိုက်ကြီးမြို့နယ် ရဲတပ်ဖွဲ့က မှုခင်းကျဆင်းရေးအတွက် မီးတန်းကား၊ ဆိုင်ကယ်တွေနဲ့ နယ်မြေထဲ စစ်ဆေးစဉ် အောက်တိုဘာ ၁၆ ရက်နေ့ ညနေပိုင်းက တိုက်ကြီးမြို့နယ် ရွာတန်းရှည်ကျေးရွာ မြို့နယ်လျှပ်စစ်ရုံးရှေ့မှာ လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သတင်းအရ လိုက်လံဖမ်းဆီးခဲ့ပါတယ်။

ည ၇ နာရီခွဲအချိန်မှာ တိုက်ကြီးနဲ့ မှော်ဘီမြို့နယ် အဝင်မှာ ဆိုင်ကယ်နဲ့ လူငယ် ၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ တိုက်ကြီးမြို့မရဲစခန်းက သိရပါတယ်။

“ကျမ ညနေဘက် ဆိုင်သိမ်းပြီး စက်ဘီးနဲ့အပြန် ဘေးကို ဆိုင်ကယ်တစီး ကပ်လာပြီး လက်ထဲက ပိုက်ဆံအိတ်ကို လုသွားတယ်။ ဆိုင်ကယ်က ၃ ယောက် စီးလာတာ။ ရွယ်တူလေးတွေပဲ။ အိတ်ထဲမှာ i phone 5s ငွေရောင်တလုံးရယ် ပိုက်ဆံ သုံးသောင်းကျော် ပါသွားပါတယ်။ ရဲစခန်းကိုတော့ အကြောင်းကြားထားပါတယ်။ တိုက်ကြီးမှာ ကျမလိုပဲ အလုခံရတဲ့သူတွေ လေး ငါးကြိမ် ရှိပါပြီ”လို့ အလုခံရသူ အမျိုးသမီးတဦးက ပြောပါတယ်။

ဆိုင်ကယ်နဲ့ လုယက်သူ စည်သူကျော်(ခ)စည်ကြီး၊ ကျော်ရဲလင်း (၁၉-နှစ်)နဲ့ ကျော်မျိုးဦးတို့ကို ဖမ်းဆီးမိခဲ့ပါတယ်။

လုယက်သူတွေထံမှ FZS ဆိုင်ကယ်နက်ပြာရောင်တစီး OPPO ရွှေရောင်ဖုန်းတလုံး၊ VIVO အဖြူရောင်ဖုန်းတလုံး၊ ယောက်ျားကိုင် ပိုက်ဆံအိတ်ထဲမှာ ငွေ သုံးသောင်း ခြောက်ထောင်ကျပ်ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးရာမှာ ပိုင်ဆိုင်မှုမပြနိုင်ဘဲ လုယူခဲ့တယ်လို့ ဝန်ခံတာကြောင့် (ပ)၄၈၄/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၂/၅၄ နဲ့ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်သူစိုးက တရားလိုပြုလုပ်ပြီး အမှုကို စစ်ဆေးဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

တိုက်ကြီးမြို့နယ်မှာ ဆိုင်ကယ်နဲ့ လုယက်မှုတွေ၊ ညဘက် ဆိုင်ကယ်ခိုးမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး မူးယစ်ဆေးဝါးတွေလည်း ဖမ်းဆီးရမိနေပါတယ်။ အောက်တိုဘာ ၁၆ ရက်နေ့ ညက ဥက္ကံမြို့မှာ WY စာတန်းပါ စိတ်ကြွဆေးပြား ၁၅၀ လောက်ကို ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

မြို့နေ ပြည်သူတွေအနေနဲ့ အခုလို ခိုးမှု၊ လုယက်မှုတွေ ဖြစ်ပေါ်နေပြီး မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမှုတွေအတွက် စိုးရိမ်မှုတွေ ဖြစ်ပေါ်နေပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013