DVB Logo
Home
မြန်မာသတင်း
ပုဂံအာနန္ဒဘုရားရှေ့ကွန်ကရစ်လမ်းခင်းမှု ရပ်ဆိုင်းထားကြောင်း တာဝန်ရှိသူပြော
DVB
·
October 17, 2017
ပုဂံအာနန္ဒဘုရားရှေ့ကွန်ကရစ်လမ်းခင်းမှု ရပ်ဆိုင်းထားကြောင်း တာဝန်ရှိသူပြော
Donate to DVB

 

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံက အာနန္ဒာဘုရားတောင်ဘက်အဝင်လမ်းမှာ ကွန်ကရစ်လမ်းခင်းတာကို ရပ်ဆိုင်းခိုင်းထားပြီလို့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။

ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲက ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က “ကျနော်တို့ မနေ့ကပဲ သွားတားထားပါတယ်။ မနေ့ကပဲ လမ်းခင်းတာကို ရပ်ထားပါတယ်” လို့ ပြောပါတယ်။

ဂေါပကအဖွဲ့က ခင်းနေတာလို့ သိရပေမယ့် ဘယ်သူကတွေ ခင်းတယ်ဆိုတာကိုတော့ သူက အတည်ပြု မပေးပါဘူး။

ပုဂံနယ်မြေမှာ ဒီလိုလုပ်ဆောင်မယ်ဆိုရင် ဘယ်လို ပစ္စည်းတွေအသုံးပြုပြီး ဘယ်လို လုပ်မယ် ဆိုတာကို ရှေးဟောင်းသုတေသနဌာနဆီက ခွင့်ပြုချက်ရယူပြီး ဆောင်ရွက်ရတာပါ။

“လွန်ခဲ့တဲ့ သောကြာနေ့က စာလာတင်တယ်။ နည်းဥပဒေပုံစံနဲ့တင်ပြရမှာမို့ ပြန်တင်ခိုင်း ထားတာ။ စာမတင်ခင်မှာပဲ လုပ်ငန်းလုပ်လိုက်တဲ့ သဘောပေါ့။ ဒီနေ့မနက်မှာတော့ ပြန်တင်လာတယ်” လို့ ဦးအောင်အောင်ကျော်က ပြောပါတယ်။

ဒီလို ကွန်ကရစ်လမ်းခင်းတာကို ဒေသခံတွေကလည်း ဝေဖန်ကန့်ကွက်ခဲ့ကြပြီး မနက်ဖြန်မှာတော့ အုပ်ချုပ်ရေး၊ ရှေးဟောင်းသုတေသနဌာန၊ ဘုရားဂေါပကတွေနဲ့ ဒေသခံတွေ တွေ့ဆုံဖို့ ရှိနေတယ်လို့ သိရပါတယ်။

ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က “ယဉ်ကျေးမှုကို ထိန်းသိန်းတဲ့ အမြင်နဲ့ ဘာသာရေးအမြင်နဲ့ Conflict (ပဋိပက္ခ) ဖြစ်နေတာပေါ့။ စေတနာ သဒ္ဓါတရားနဲ့ လုပ်တာ မှန်ပေမယ့် ယဉ်ကျေးမှုအမြင်နဲ့ ကြည့်ရင်တော့ အားနည်းတာတွေရှိနေတာပေါ့” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013