DVB Logo
Home
မြန်မာသတင်း
ဖြိုးကိုကိုတင့်ဆန်းအမှု လက်နက် ၂၀ ကျော်ဖမ်းမိ၊ ၁၂ ဦး ဖမ်းထားဟု ပြည်ထဲရေးဒုဝန်ကြီးပြော (ရုပ်သံ)
DVB
·
October 17, 2017
ဖြိုးကိုကိုတင့်ဆန်းအမှု လက်နက် ၂၀ ကျော်ဖမ်းမိ၊ ၁၂ ဦး ဖမ်းထားဟု  ပြည်ထဲရေးဒုဝန်ကြီးပြော (ရုပ်သံ)
Donate to DVB

ဖြိုးကိုကိုတင့်ဆန်း အမှုကနေ လက်နက် အလက် ၂၀ ကျော်နဲ့ တရားခံ ၁၂ ယောက် ဖမ်းထားပြီလို့ ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောပါတယ်။

ဒီကနေ့ ပြန်လည်စတင်တဲ့ ပဉ္စမအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းဝေး ခေတ္တ ရပ်နားချိန်မှာ မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို ပြန်လည်ဖြေဆိုတာပါ။

“တရားခံတွေ စစ်ဆးလို့ရတဲ့အချက်တွေကနေ ကွင်းဆက်တရားခံတွေ ဆက်လက် ဖော်ထုတ်ပြီးတော့ လက်နက်တွေ ဆက်လက်ပြီး ဖော်ထုတ် သိမ်းဆည်းလျက်ရှိပါတယ်။ ပထမနေ့မှာတော့ ၁၃ လက် သိမ်းဆည်းပြီး ဖြစ်ပါတယ်။ ဒီနေ့မှာတော့ လက်နက် ၈ လက် ထပ်မံ သိမ်းဆည်းရမိပါတယ်။ ဒီကနေ့အထိတော့ တရားခံ ၁၂ ယောက် ဖမ်းဆီးပြီး ဖြစ်ပါတယ်။ ကွင်းဆက်တရားခံတွေလည်း ဆက်လက်ဖော်ထုတ်နေပါတယ်။ ရရှိတဲ့ သတင်းတွေ ဆက်လက်ထုတ်ပြန်ပေးပါ့မယ်” လို့ ပြောပါတယ်။

လုပ်ငန်းစဉ်တွေ ပြီးတဲ့ အချိန်မှာတော့ အစိုးရခွင့်ပြုချက်နဲ့ သတင်းစာရှင်းလင်းပွဲ လုပ်မယ်လို့လည်း သူက ပြောပါတယ်။

“ကားကိစ္စတခုတည်းတင်မဟုတ်ပါဘူး။ ဆက်စပ်ရမယ့် ကိစ္စတွေအားလုံးကို စိစစ်နေပါတယ်။ တည်ဆဲဥပဒေကို ချိုးဖောက်တဲ့ လုပ်ငန်းစဉ်တွေအားလုံးကိုလည်း ဖော်ထုတ်ပြီး ဆောင်ရွက်သွားမှာပါ” လို့ သူက ဆက်ပြောပါတယ်။

စိစစ်ပြီး ဖော်ထုတ်ဆဲဖြစ်လို့ သုံးသပ်ချက်လည်း ပေးဖို့ခက်သလို ဘယ်ဥပဒေပုဒ်မတွေနဲ့ အရေးယူမယ်ဆိုတာကိုလည်း သူက မပြောခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013