DVB Logo
Home
မြန်မာသတင်း
ဟင်္သာတတက္ကသိုလ်မှာ ဗကသများ​ စစ်​ဆေး​ခံ​နေရ (မြန်မာ ၁ နာရီခွဲ)
DVB
·
March 31, 2012
ဟင်္သာတတက္ကသိုလ်မှာ ဗကသများ​ စစ်​ဆေး​ခံ​နေရ (မြန်မာ ၁ နာရီခွဲ)
Donate to DVB

ဟင်္သာတမြို့​နယ်မှာ ပညာ​ရေး​တာဝန်ရှိသူ​တွေက ဗမာနိုင်ငံလုံး​ဆိုင်ရာ​ကျောင်း​သား​ သမဂ္ဂများ​အဖွဲ့​ချုပ် (ဟင်္သာတ) အဖွဲ့​ဝင် ​ကျောင်း​သား​ ၈ ဦး​ကို စစ်​မေး​နေတယ်လို့​ ဟင်္သတာ ဗကသ ဥက္ကဋ္ဌ ကိုသန့်​ဇင်က ​ပြောပါတယ်။

“ဟင်္သာတတက္ကသိုလ်က ​ကျောင်း​သား​တွေကို ဒီ​နေ့​ အဆင့်​​မြင့်​ပ​ညာဦး​စီး​ဌာ​န​က​ လာတဲ့ ​ အဖွဲ့​တွေက ​ခေါ်​တွေ့​တယ်​ပေါ့​။ ​ကျောင်း​အုပ်ကြီး​က​ တဆင့်​ ဟင်္သာတ တက္ကသိုလ်ထဲက က​လေး​တွေချည်း​ပဲ သီး​သန့်​ခေါ်ပြီး​ စစ်​ဆေး​တယ်။ အခု ကျ​နော်တို့​လည်း​ ​ကျောင်း​ရှေ့​မှာ အခု​လော​လောဆယ် ရှိ​နေတယ်။ ဖိအား​ပေး​ အင်အား​သုံး​တဲ့​ ခြိမ်း​ခြောက်တဲ့​ စကား​မျိုး​တော့​ မ​ပြောဘဲနဲ့​ ပညာ​ရေး​ကို ထိခိုက်နိုင်တယ်၊​ ပညာ​ရေး​ကို အနှောင့်​အယှက် ဖြစ်နိုင်တယ် ဆိုတဲ့​ ဟာမျိုး​နဲ့​ပေါ့​။ သူတို့​က လူမှု​ရေး​နဲ့​ အဲဒီလိုမျိုး​ ဝင်တာ​ပေါ့​။ မိဘ​တွေက​တော့​ နား​မလည်တဲ့​အခါကျ​တော့​ အခု ကျ​နော်တို့​မြို့​မှာ​တော့​ အထိတ်တလန့်​တော့​ ဖြစ်သွား​တာ​ပေါ့​။”

အဆင့်​မြင့်​ပညာဦး​စီး​ဌာနက ဒု - ညွှန်ချုပ် ​ဒေါက်တာမျိုး​သိန်း​နဲ့​ ဟင်္သာတက္ကသိုလ် ပါ​မောက္ခချုပ် ​ဒေါက်တာစံလင်း​တို့​က ​ကျောင်း​သူ ​ကျောင်း​သား​ ၈ ဦး​ကို မိဘ​တွေနဲ့​အတူ ပါ​မောက္ခချုပ်အခန်း​မှာ ​ခေါ်ယူ​တွေ့​ဆုံ​နေတာ ဖြစ်ပါတယ်။

ဗမာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​သမဂ္ဂများ​အဖွဲ့​ချုပ် (ဗကသ-ဟင်္သာတ)ကို ဟင်္သာတမြို့​ပေါ်က တက္ကသိုလ် ၄ ခုက ​ကျောင်း​သား​တွေက စတင်ဖွဲ့​စည်း​ခဲ့​ပြီး​ ဗကသ ဥက္ကဋ္ဌ ကို​ကျော်ကိုကိုက မတ် ၂၉ ရက်​နေ့​မှာ အသိအမှတ်ပြုပြီး​ ဗကသအလံ လွှဲအပ်ခဲ့​ပါတယ်။

ဟင်္သာတမြို့​နယ် ဗကသ ဥက္ကဋ္ဌ ကိုသန့်​ဇင်တို့​က ​ဒေါက်တာမျိုး​သိန်း​တို့​နဲ့​ ​တွေ့​ခွင့်​ ​တောင်း​ပေမယ့်​ မရတာ​ကြောင့်​ က​လေး​တွေရဲ့​ အ​ခြေအ​နေကိုပဲ ​စောင့်​ကြည့်​ ​နေကြရတယ်လို့​ ​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013