DVB Logo
Home
မြန်မာသတင်း
အငယ်တန်းစာရေးများထံမှ ငွေတောင်းခံခဲ့သည့် ဦးစီးအရာရှိကို အရေးယူ
DVB
·
October 17, 2017
အငယ်တန်းစာရေးများထံမှ ငွေတောင်းခံခဲ့သည့် ဦးစီးအရာရှိကို အရေးယူ
Donate to DVB

 

မွန်ပြည်နယ်လွှတ်တော်ရုံးက အငယ်တန်းစာရေးဆီက ငွေကြေးတောင်းခံခဲ့တဲ့ လွှတ်တော်ရုံး ထွေအုပ်ဦးစီးမှူးကို ၃ လကြာမှ ဝန်ထမ်းဥပဒေနဲ့ အောက်တိုဘာ ၁၂ ရက်နေ့က ရာထူးနှိမ့်ချကာ အပြောင်းအရွှေ့နဲ့ အရေးယူနိုင်ခဲ့တယ်လို့ မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးက ပြောပါတယ်။

ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမြင့်က “စစ်ဆေးတွေ့ရှိချက်အရ သူက ငွေတောင်းတာပဲ ရှိသေးတယ်။ ပိုက်ဆံမယူရသေးတော့ အလုပ်ဖြုတ်လို့ မရဘူး။ ဒါကြောင့် ဦးစီးအရာရှိ စီမံ (၁) ရာထူးနဲ့ ကရင်ပြည်နယ်ကို ပို့လိုက်တာပါ” လို့ ပြောပါတယ်။

မွန်ပြည်နယ် လွှတ်တော်ရုံးအတွက် အသစ်ခန့်အပ်ခဲ့တဲ့ အငယ်တန်းစာရေး ၅ ဦးထံမှ တဦးလျှင် လစာ ၂ လစာနဲ့ ညီမျှတဲ့ ငွေကျပ် ၃ သိန်းစီ တောင်းခံခဲ့တဲ့အတွက် အငယ်တန်းစာရေးတဦးက ဇူလိုင် ၄ ရက်နေ့က လွှတ်တော်ကို တိုင်ကြားခဲ့တာဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သုံးလကျော်ကြာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ အရေးယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

မွန်ပြည်နယ်လွှတ်တော်ဟာ သီးခြားဝန်ထမ်းနဲ့ လည်ပတ်သွားနိုင်ဖို့ လိုအပ်တဲ့ ဝန်ထမ်းအတွက် အငယ်တန်းစာရေး ဝန်ထမ်းအသစ်ကို ခန့်အပ်ခဲ့ရာမှာ အငယ်တန်းစာရေး ဝန်ထမ်းအတွက် ဝင်ရောက်ဖြေဆိုသူ ၁၅၀ ဦးအနက်မှ အရည်အချင်းရှိသူ ၉ ဦးကို ရွေးချယ်ခန့်အပ်ခဲ့ကာ ဇူလိုင်လ ၁ ရက်နေ့က စတင်ပြီး တာဝန်ထမ်းဆောင်နေပြီ ဖြစ်တယ်လို့ ပြည်နယ်လွှတ်တော်ရုံးက သိရပါတယ်။

အရေးယူခံခဲ့ရတဲ့ ဦးစီးမှူးဟာ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် ညွှန်ကြားရေးမှူးတို့ကို ကန်တော့ရန် ဆိုပြီး ငွေကြေးတောင်းခံခဲ့တာ ဖြစ်ပါတယ်။

ငွေကြေးတောင်းခံမှုကို တိုင်ကြားခဲ့သူ အငယ်တန်းစာရေးမှာ လွှတ်တော်ဝန်ထမ်းအဖြစ် ခန့်အပ်ခံခဲ့ရပေမယ့် တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့တဲ့အတွက် စတင် တာဝန်ထမ်းဆောင်ရမယ့် ဇူလိုင်လ ၁ ရက်နေ့မှာပင် နုတ်ထွက်စာတင်ပြီး နုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013