DVB Logo
Home
မြန်မာသတင်း
ငွေကျပ် ၃၀၀ ခိုးယူခဲ့သည့် ကလေးများကို တရားစွဲမှု ဂေါပကအဖွဲ့ မပြုလုပ်ဟုပြော
DVB
·
October 17, 2017
ငွေကျပ် ၃၀၀ ခိုးယူခဲ့သည့် ကလေးများကို တရားစွဲမှု ဂေါပကအဖွဲ့ မပြုလုပ်ဟုပြော
Donate to DVB

 

တောင်ဒဂုံ အောင်ဗောဓိ ဆုတောင်းပြည့်စေတီတော်မှာ ဖြစ်ပွားခဲ့တဲ့ အလှူခံပုံးကနေ ငွေ ၃၀၀ ကျပ် ခိုးယူခဲ့တဲ့ ကလေးတွေကို တရားစွဲ အရေးယူတဲ့ ဖြစ်စဉ်ဟာ ဂေါပကအဖွဲ့က လုပ်တာ မဟုတ်ဘူးလို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ငြင်းဆိုလိုက်ပါတယ်။

ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဦးက “ဂေါပကအဖွဲ့က ကလေးတွေကို အုပ်ချုပ်ရေးမှူးရုံး ပို့တာကလွဲရင် ဘာတခုမှ မလုပ်ခဲ့ပါဘူး။ ကလေးတွေကို လုပ်ရက်ပါ့မလားဗျာ၊ ခင်ဗျားတို့ စဉ်းစားကြည့်ပါလို့” သတင်းစာရှင်းလင်းပွဲမှာ  ပြောပါတယ်။

ငွေခိုးယူတယ်ဆိုတဲ့ ကလေးငယ်တွေကို အရေးယူတဲ့ တရားစွဲပုဒ်မ တပ်တာတွေဟာ တောင်ဒဂုံရဲစခန်းက လုပ်ထုံးလုပ်နည်းအရ လုပ်တာလို့ ဆိုပါတယ်။

လက်ရှိမှာ ကလေးငယ်တွေကို တရားစွဲဆိုထားတာကို ရုပ်သိမ်းလိုက်ပေမယ့် ကလေးငယ်တွေ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိနေတယ်လို့လည်း ကလေးမိဘတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့က ဘုရားပေါ်က အလှူခံပုံးထဲက ငွေကျပ် ၃၀၀ ခိုးယူခဲ့တဲ့ ကလေး ၃ ယောက်ကို တောင်ဒဂုံရဲစခန်းက ပုဒ်မ ၃၇၉ နဲ့ အမှုဖွင့်ခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တောင်ဒဂုံမြို့နယ်ထဲမှာ ဆန္ဒပြတာတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013