DVB Logo
Home
မြန်မာသတင်း
ရှေးဟောင်းရွှေပြားများအတွက် ဂုဏ်ပြုငွေ ဖြည့်စွက်ဘတ်ဂျက်ရမှ ပေးနိုင်မည်
DVB
·
October 17, 2017
ရှေးဟောင်းရွှေပြားများအတွက် ဂုဏ်ပြုငွေ ဖြည့်စွက်ဘတ်ဂျက်ရမှ ပေးနိုင်မည်
Donate to DVB

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ထဲက ရရှိအပ်နှံထားတဲ့ ရှေးဟောင်းရွှေပြား၊ ရွှေခွက်တွေအတွက် ပေးရမယ့် ငွေကြေးပမာဏများနေလို့ ဖြည့်စွက်ဘတ်ဂျက်ရမှ ပေးနိုင်မှာကြောင့် ကြန့်ကြာနေတာလို့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လက ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာရွာမှာ ရှေးဟောင်းရွှေပြားတွေရခဲ့ပြီး အစိုးရကို အပ်နှံခဲ့ပေမယ့် ဂုဏ်ပြုငွေတွေ မရသေးတဲ့အပေါ် ဝေဖန်တာတွေ ရှိနေတာပါ။

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန တူးဖော်၊ ရှေးပစ္စည်း ကမ္ဗည်း ကျောက်စာဌာနခွဲက ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်မျိုးကျော်က “သိန်း ၁၀၀၊ ၂၀၀ ဆိုရင် တခါတည်းပေးလိုက်လို့ ရတယ်။ အခုက ပမာဏ များနေလို့ ဖြည့်စွက်ရန်ပုံငွေ ရမှပေးနိုင်မှာပါ။ ဒီနှစ်ထဲမှာပဲ ရမှာပါ။ လာအပ်သူတွေကိုလည်း ပြောထားပြီးပါပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အပ်နှံထားတဲ့ ပစ္စည်းတွေက ရွှေခွက်ငယ်၊ ရွှေခွက်အပဲ့၊ ရွှေအပိုင်းအစတွေဖြစ်ပြီး စုစုပေါင်း အခုရေ ၄၄၀ ကျော်၊ အလေးချိန် တပိဿာကျော်ရှိပါတယ်။ ရွာလမ်းဖောက်ဖို့ လှူထားတဲ့ မြေကို သယ်ယူရင်း အိုးနဲ့ထည့်ထားတဲ့ ရွှေခွက်တွေကို တွေ့ရှိခဲ့တာပါ။

ဒီရွှေတွေကို မြို့နယ် ထွေအုပ်၊ မော်လမြိုင် ယဉ်ကျေးမှုပြတိုက်ကတဆင့် နေပြည်တော်ကို သွားရောက် အပ်နှံခဲ့ကြတာပါ။

“မြေလှူတဲ့သူတွေက အများကြီးရတယ်။ လမ်းပေါ်ကို ပုံလိုက်တဲ့ မြေမှာပါလာတာက ၈၂ ခုပါ။ လွန်ခဲ့တဲ့ တလလောက်က ဖုန်းဆက်မေးကြညာ့်တော့ လာမယ့်နှစ်ဘတ်ဂျက်မှ ရမယ်လို့ ပြောတယ်” လို့ ကိုယ်ထူကိုယ်ထ လမ်းကော်မတီက ဆရာတော် ဦးသာသနက ပြောပါတယ်။

ဒီလို ပစ္စည်းတွေလာအပ်တဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ ပစ္စည်းတန်ဖိုး၊ ခေတ်ကာလ တန်ဖိုး၊ လက်ရာကြေးတွေအားလုံးပေါင်းရင် သိန်းတထောင်ကျော်လောက်ရှိတယ်လို့ ကျောက်စာဌာနခွဲက ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်မျိုးကျော်က ပြောပါတယ်။

ပညာရှင်တွေရဲ့ လတ်တလောသုံးသပ်ချက်အရတော့ ဒီပစ္စည်းတွေဟာ ပုဂံခေတ်ထက်စောပြီး အေဒီ ၉ ရာစုနဲ့ ၁၀ ရာစုဝန်းကျင်ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013