DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံနှင့် အပစ်ရပ်အဖွဲ့များ အန်စီအေစာချုပ် ပြန်သုံးသပ်ရန် သဘောတူ
DVB
·
October 17, 2017
နိုင်ငံတော်အတိုင်ပင်ခံနှင့် အပစ်ရပ်အဖွဲ့များ အန်စီအေစာချုပ် ပြန်သုံးသပ်ရန် သဘောတူ
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အပစ်ရပ်လက်နက်ကိုင်အဖွဲ့တွေ မနေ့က တွေ့ဆုံပြီး အန်စီအေစာချုပ် ပြန်သုံးသပ်ဖို့ သဘောတူခဲ့ကြပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်းက နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး (အန်စီအေ) စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တို့ တွေ့ဆုံခဲ့ပြီး သဘောတူ ခဲ့ကြတာလို့ ရခိုင်လွတ်မြောက်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင်က ပြောပါတယ်။

ဒါ့အပြင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (ဂျေအိုင်စီအမ်) ပုံမှန်ခေါ်ယူဖို့ကိုလည်း သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

အန်စီအေစာချုပ်ကို အခြေခံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ ဂျေအိုင်စီအမ် အစည်းအဝေး ပုံမှန်ခေါ်ယူနိုင်မှု မရှိတာဟာ အဓိက အားနည်းချက်တခုဖြစ်တယ်လို့လည်း အောက်တိုဘာ ၁၅ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အန်စီအေ လက်မှတ်ရေးထိုးခြင်း ၂ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်း အနားမှာ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌလည်းဖြစ်၊ အပစ်ရပ်လက်နက်ကိုင် ၈ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ ခေါင်းဆောင်လည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013