DVB Logo
Home
မြန်မာသတင်း
မိုင်းတုံမြို့ ​​ရွှေ​စေတီဘုရားပရဝဏ်​၌ ဆေးလိပ်​​သောက်​ခွင့်မရှိ​ ပိုစတာ​စိုက်​ထူ
DVB
·
October 16, 2017
မိုင်းတုံမြို့ ​​ရွှေ​စေတီဘုရားပရဝဏ်​၌ ဆေးလိပ်​​သောက်​ခွင့်မရှိ​ ပိုစတာ​စိုက်​ထူ
Donate to DVB

မိုင်းတုံမြို့မှာ ဆေးလိပ်သောက်ခွင့်မရှိတဲ့ နေရာအဖြစ် အများပြည်သူတွေ စုဝေးနေရာ ဖြစ်တဲ့ ရွှေစေတီဘုရား ပရဝဏ်မှာ ပိုစတာ စိုက်ထူ သတ်မှတ်ခဲ့ပါတယ်။

မိုင်းတုံမြို့နယ်မှာ ဆေးလိပ်သောက်သုံးမှု အသိပညာပေးရေး ဆပ်ကော်မတီကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပညာရေးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဥပဒေအရာရှိ၊ ကျန်းမာရေးဦးစီးဌာနတို့က တာဝန်ရှိသူတွေနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ယင်းဆပ်ကော်မတီက ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက်ပစ္စည်းတွေ သောက်သုံးရင် ကျန်းမာရေးထိခိုက်စေနိုင်ကြောင်းကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေဖို့ ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့၊ သောက်သုံးမှု လျော့နည်းစေဖို့ လှုံ့ဆော်ရေးပြပွဲ၊ ဆွေးနွေးပွဲနဲ့ ဟောပြောပွဲတွေ ကျင်းပဖို့ ဥပဒေပြဌာန်းချက်ပါ ပြစ်မှုနဲ့ ပြစ်ဒဏ်တွေကို အသိပညာပေးတာတွေကို အများပြည်သူ သိရှိအောင် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

မိုင်းတုံမြို့နယ်ခေတ္တအုပ်ချုပ်ရေးမှူး ဦးဟိန်းထက်အောင် က “အများပြည်သူစုဝေးပြီး ပွဲလမ်းသဘင်ကျင်းပလေ့ရှိတဲ့ ရွှေစေတီဘုရားနဲ့ ဘုန်းတော်ကြီး ကျောင်းဝင်းအနီးမှာ ဆေးလိပ်လုံးဝ သောက်သုံးခွင့်မရှိတဲ့ နေရာသတ်မှတ်ပြီး ဗီနိုင်းပိုစတာ စိုက်ထူခဲ့ကြတာဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ ကလေးသူငယ်နဲ့ လူငယ်တွေ အပါအဝင် အများပြည်သူတွေကို ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးခြင်း အလေ့အထကနေ တားဆီးကာကွယ်မှုနဲ့ ကျန်းမာတဲ့နေထိုင်မှု ဘဝရရှိစေဖို့ ဖြစ်ပါတယ်လို့” ပြောပါတယ်

ဆေးလိပ်ငွေ့ကင်းစင်ရေး အသိပညာပေးတဲ့ အနေနဲ့ စက်တင်ဘာလ နောက်ဆုံးရက်သတ္တပတ်မှာ အထက်တန်းနဲ့ အလယ်တန်းအဆင့် ကျောင်းသားတွေ မီနီမာရသွန်ပြိုင်ပွဲကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ပံပိုးကူညီကျင်းပပေးခဲ့ပါတယ်။

အောင်ဇေယျ(မိုင်းတုံ)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013