DVB Logo
Home
မြန်မာသတင်း
နိုင်ငံသားစိစစ်ရေးနှင့် ဘင်္ဂလားဒေ့ရှ် ရောက်နေသူများ ပြန်လက်ခံရေး ဆွေးနွေး
DVB
·
October 16, 2017
နိုင်ငံသားစိစစ်ရေးနှင့် ဘင်္ဂလားဒေ့ရှ် ရောက်နေသူများ ပြန်လက်ခံရေး ဆွေးနွေး
Donate to DVB

ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ  ရောက်ရှိနေသူတွေ ပြန်လည်လက်ခံရေးဆွေးနွေးပွဲကို နေပြည်တော်မှာ ဒီနေ့ ကျင်းပပြုလုပ်ခဲ့ ပါတယ်။

အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ၊ ကုလသမဂ္ဂနိုင်ငံရေးရာ ဌာနအကြီးအကဲ Under Secretary - General Mr. Jeffrey Feltman၊ ကုလသမဂ္ဂဖွံ့ဖြိုးရေးနဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာဌာန ညှိနှိုင်းရေးမှူး Ms. Renata Dessallien နဲ့ အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေး လုပ်ငန်းဆောင်ရွက်မှုနဲ့ နိုင်ငံသား စိစစ်ခံရမယ့်သူရဲ့ သက်သေခံ ကတ်ပြား (NV Card) ထုတ်ပေးဆောင်ရွက်မှု၊ NV ကတ်ကိုင်ဆောင်ခြင်းအတွက် ရရှိခံစားနိုင်မယ့် အကျိုးကျေးဇူးတွေ၊ ကချင်၊ ကရင်နှင့် ရှမ်း စတဲ့ပြည်နယ်တွေမှာ NV ကတ်ထုတ်ပေးပြီး နိုင်ငံသားစိစစ်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေနေတွေကို ဆွေးနွေးခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ရောက်ရှိနေသူတွေကို ပြန်လည်လက်ခံနိုင်ရေးအတွက် ဆောင်ရွက်မှုလုပ်ငန်းအဆင့်ဆင့်၊ အထောက်အထား ပြည့်စုံစွာ တင်ပြနိုင်ခြင်း မရှိသူတွေကို လည်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှာ ရှိပြီးဖြစ်တဲ့ စာရင်းဇယား မှတ်တမ်းမှတ်ရာများဖြင့် တိုက်ဆိုင်စိစစ် လက်ခံသွားမယ့်အကြောင်း၊ ပြန်ရောက်လာသူတွေ နေရာချထားရေးနဲ့ နိုင်ငံသား စိစစ်ရေးလုပ်ငန်း ဆက်လက် ဆောင်ရွက်မယ့် အစီအစဉ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ပြန်လည် ထူထောင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ ပူးပေါင်း ကူညီဆောင်ရွက်ပေးနိုင်ရေး အခြေအနေတွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013