DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ကားနှင့်ဆိုင်ကယ်တိုက်မိ၊ ၁ ဦးသေ
DVB
·
October 16, 2017
ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ကားနှင့်ဆိုင်ကယ်တိုက်မိ၊ ၁ ဦးသေ
Donate to DVB

ဝမ်းတွင်းမြို့နယ်အတွင်း ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၇၈/၁ မှာ ဒီနေ့မနက် ၁၁ နာရီက ကုန်တင်ကားနဲ့ဆိုင်ကယ် တိုက်မိပြီး အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ ရွှေတောင်ရွာရဲစခန်းက ပြောပါတယ်။

ဖြစ်စဉ်မှာ ရန်ကုန်ကနေ ၀မ်းတွင်းကို မဝင်းဝင်းဌေး မောင်းနှင်လာတဲ့ ဆိုင်ကယ်နဲ့ မန္တလေးဘက်ကို ယာဉ်မောင်း ကျော်ကျော်ဇင် မောင်းနှင်လာတဲ့ ကုန်တင်ကားတို့ တိုက်မိပြီး မ၀င်းဝင်းဌေး အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ရွှေတောင်ရွာစခန်းမှူး ရဲအုပ်ကျော်နိုင်စိုးက “ကုန်ချပြီး ကားလမ်းပေါ်တက်လာတဲ့ကားနဲ့ လမ်းမပေါ်က မောင်းလာတဲ့ဆိုင်ကယ်တိုက်မိတယ်။ မဝင်းဝင်းဌေးပေါင်ကျိုးတယ်၊ နောက်စေ့ ကျေသွားတယ်၊ နေရာတင်ဆုံးတယ်၊ ဝမ်းတွင်းဆေးရုံ ပို့ပေးတယ်” လို့ပြောပါတယ်။

ရွှေတောင်ရဲစခန်းက ကျော်ကျော်ဇင် ကို ယာဉ်မဆင်မခြင် မောင်းနှင်လို့ လူသေဆုံးမှု ရာဇသတ်ကြီးပုဒ်မ-၃၀၄ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013