DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
October 16, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ တန်ကို ငွေကျပ် ၄၂၅,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၆၅,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ပဲစင်းငုံ
ပဲစင်းငုံကတော့ ဒီနေ့မှာ ၁ တန်ကို ၂၉,၀၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ တန်ကို ငွေကျပ် ၃၄၃,၀၀၀ ပေါက်ဈေးရှိပါတယ်။

ပဲကြီး
ပဲကြီးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂,၅၂၀ ကျပ်ကနေ ငွေကျပ် ၂၉၂၅ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၂၆၀ ကျပ် ဈေးတက်လာပါတယ်။

ကြက်သွန်နီ
ကြက်သွန်နီကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁,၈၀၀ ကျပ်ကနေ ငွေကျပ် ၂,၂၇၅ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၂၅ ကျပ် ဈေးတက်လာပါတယ်။

ငရုတ်ပွ
ငရုတ်ပွက ၁ ပိဿာကို ၃၀၀ ကျပ် ဈေးကျဆင်းသွားပြီး ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၆,၈၀၀ ကျပ်ကနေ ငွေကျပ် ၇,၂၀၀ ရှိပါတယ်။

အာလူး
အာလူးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂၅၀ ကျပ်ကနေ ငွေကျပ် ၇၇၀ ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၅၀ ကျပ် ဈေးတက်လာပါတယ်။

နက်နှမ်း
မန္တလေး ကုန်စည်ဒိုင်မှာတော့ နှမ်းနက်က ၁ အိတ်ကို ၉၆,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၁၀,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

မြေပဲလုံးဆံဖြူ
မုံရွာ ကုန်စည်ဒိုင်မှာတော့ မြေပဲလုံးဆံဖြူက ၁ ပိဿာကို ၂,၃၂၅ ကျပ်ကနေ ငွေကျပ် ၂,၆၀၀ ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၃၀၀ ကျပ် ဈေးတက်လာပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013