DVB Logo
Home
မြန်မာသတင်း
မြင်းမူမြို့တွင် ခိုးယူထားသည့် ဘုရားဆင်းတုများ ဖမ်းမိ
DVB
·
October 16, 2017
မြင်းမူမြို့တွင် ခိုးယူထားသည့် ဘုရားဆင်းတုများ ဖမ်းမိ
1 / 4
Donate to DVB

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ခိုးယူထားတယ်လို့ ယူဆရတဲ့ ဘုရားဆင်းတုတော်တွေ ဖမ်းမိခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။

ခိုးယူလာတဲ့ ဘုရားဆင်းတုတွေကို သယ်ဆောင်လာမယ့် သတင်းရလို့ တိုင်း၊ ခရိုင်နဲ့ မြင်းမူက ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး စောင့်ဆိုင်းနေချိန် အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းက အရာတော်ဘက်က မောင်းနှင်လာတဲ့ ကားတစီးဟာ မရပ်တန့်ပဲ မောင်းပြေးခဲ့တယ်လို့ ဆိုပါတယ်။

ကားပေါ်မှာ အမည်မသိ လူနှစ်ယောက် ပါပြီး လိုက်လံဖမ်းဆီးရာမှာတော့ မြင်းမူမြို့၊ ကန်ဖျားရွာနားမှာ ကားကိုထားပြီး လူတွေကတော့ ထွက်ပြေးသွားခဲ့ပါတယ်။

ကားပေါ်မှာ ပလ္လင်ပါပြီး ယွန်းနဲ့ သရိုးကိုင်ထားတဲ့ ဉာဏ်တော်အမြင့် ၄ ပေ ထိုင်တော်မူ ရုပ်ပွားတဆူ၊ ဉာဏ်တော် အမြင့် ၃ ပေ ရပ်တော်မူ ကျောက်ဆင်းတု နှစ်ဆူနဲ့ သာသနာ့အလံတခု၊ ဖန်ဂေါ်လီသီး ၂၈ လုံး စတာတွေ ဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ရဲအုပ်သိန်းဇော်က တရားလိုပြုလုပ်ပြီး မြင်းမူမြို့နယ်ရဲစခန်းမှာ ခိုးမှုနဲ့ ဘာသာသနာ စော်ကားမှု ရာဇသတ်ကြီး ပုဒ်မ ၃၈၀/၂၉၅ နဲ့ တိုင်တန်း အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013