DVB Logo
Home
မြန်မာသတင်း
သတင်းထောက်များထံမှ သိမ်းဆည်းထားသည့် သက်သေခံပစ္စည်းများ ပြန်လည်ရရှိ
DVB
·
October 16, 2017
သတင်းထောက်များထံမှ သိမ်းဆည်းထားသည့် သက်သေခံပစ္စည်းများ ပြန်လည်ရရှိ
Donate to DVB

မတရားအသင်းဆက်သွယ်မှု ဥပဒေနဲ့ တရားစွဲ ဆိုခံခဲ့ရတဲ့ ဒီဗွီဘီနဲ့ ဧရာဝတီသတင်းဌာန သတင်းထောက် ၃ ယောက်ဆီက သိမ်းဆည်းထားတဲ့ သက်သေခံပစ္စည်းတွေကို အောက်တိုဘာ ၁၆ ရက်နေ့မှာ သီပေါတရားရုံးက  ပြန်လည်ပေးအပ်လိုက်ပါတယ်။

သက်သေခံပစ္စည်းတွေဖြစ်တဲ့ ကင်မရာ၊ ဖုန်း၊  လက်တော့နဲ့ သတင်းထောက်ကတ်တွေ အပါအဝင် စုစုပေါင်းပစ္စည်း ၁ဝ မျိုးကို ပြန်ထုတ်ပေးခဲ့တာပါ။

မတရားအသင်းဆက်သွယ်မှုနဲ့ တရားစွဲဆိုခဲ့တဲ့ သတင်းထောက် ၃ ယောက်အပါအဝင် လူပုဂ္ဂိုလ် ၆ ယောက် အမှုကို တပ်မတော်ဘက်က စက်တင်ဘာ ၁ ရက်နေ့မှာ ပြန်လည်ရုပ်သိမ်းပေးခဲ့ပြီး စက်တင်ဘာ ၁၅ ရက်နေ့မှာ တရားရုံးက အမှုကို ပိတ်သိမ်းခွင့်အမိန့်ချလိုက်ပါတယ်။

ဒါပေမယ့် သက်သေခံပစ္စည်းတွေကိုတော့ တရားရုံး လုပ်ထုံး လုပ်နည်းအရ အယူခံကာလ ကျော်လွန်အပြီး ရက်ပေါင်း ၃၀ အကြာမှာတော ထုတ်ယူခွင့်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ရှေ့နေ ဒေါ်ခင်မိမိက “အောက်တိုဘာ ၁၅ ရက်နေ့က အမှုပိတ်သိမ်းခွင့် အမိန့်ချတယ်။ ဒီနေ့ကတော့ အယူခံရက် တရက်ကျော်ပါပြီ။ အယူခံနောက်မှာ ပြင်ဆင်က ၂ လဖြစ်ပါတယ်။ ပြင်ဆင်ကာလ ၂ လ မကျော်သေးတဲ့အတွက်ကြောင့် ကိုယ်ပိုင်ခံဝန်နဲ့ ပစ္စည်းတွေကို ထုတ်ပေးပါတယ်။ သတင်းထောက် ဦးသိန်းဇော်ကတော့ ကျောက်ကပ်ခွဲထားလို့ မလာနိုင်တဲ့အတွက် ကျမကပဲ သူ့ရဲ့ အကျိုးဆောင်အနေနဲ့ ကိုယ်စားထုတ်ယူခဲ့ပါတယ်” လို့ ပြောပါတယ်။
သတင်းဓာတ်ပုံ - ပြည့်ဘုန်းအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013