DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးတွင် အုတ်ဈေးမရ၍ အုတ်လုပ်ငန်းရှင်များ အခက်ကြုံ
DVB
·
October 16, 2017
တိုက်ကြီးတွင် အုတ်ဈေးမရ၍ အုတ်လုပ်ငန်းရှင်များ အခက်ကြုံ
Donate to DVB

တိုက်ကြီးမြို့နယ်အတွင်းရှိ အုတ်လုပ်ငန်းရှင်တွေဟာ ရန်ကုန်ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်ပေမယ့် ဈေးမရရှိလို့ အခက်ကြုံနေတယ်လို့ တိုက်ကြီးမြို့နယ် အုတ်လုပ်ငန်းရှင်တွေက ပြောပါတယ်။
“ရန်ကုန်မှာ အုတ်တစ်လုံးကို ၉၀ ကျပ်ရောင်းရတယ်။ အုတ်ဖိုမှာ အထိုင်ဈေးက ၆၀ ကျပ်ရောင်းရတယ်။ အုတ်တစ်လုံးကို လုပ်အားခနဲ့ ဝန်ဆောင်မူ ၅၀ ကျပ်ကုန်တယ်။ အုတ်တဖိုကို အကြီးအသေးအလိုက် အလုပ်သမား ၆၀ ကနေ ၈၀ အထိရှိတယ်။ လုပ်အားခအနေနဲ့ ကျွမ်းကျင်မှုပေါ်မူတည်ပြီး ၅၀၀၀ ကနေ ၁၀၀၀၀ အထိပေးရတယ်။ အခုလိုရန်ကုန်ဈေးကွက်မှာ ရောင်းရပေမယ့် ဈေးမရတော့ ဘယ်လိုမှ အဆင်မပြေဘူး” လို့ တိုက်ကြီးမြို့က အုတ်လုပ်ငန်းရှင်တဦးက ပြောပါတယ်။
“ရန်ကုန်ကိုအုတ်များတင်ပို့နေတဲ့ ကားသမားတွေကတော့ ရန်ကုန်ကို တစ်ခေါက်ပို့ရင် ကားတစ်စီးကို ၁ သိန်းရပါတယ်။ အဲဒီမှာအုတ်အတင်အချလုပ်ဖို့ အလုပ်သမားလေးဦးပါတယ်။ တစ်ယောက်ကိုငါးထောင်ပေးရပြီး မနက်စာကျွေးရတယ်၊ ဆီဖိုး၊ လမ်းကြေးခပေးအပြီး ကားတစ်စီးကို ၆၅၀၀၀ ခွဲကုန်ကျတယ်။ ၃၅၀၀၀ ခွဲကျန်တယ်။ ရန်ကုန်ကို အုတ်ကားပြေးဆွဲတဲ့ ကား အစီး ၅၀ လောက်ရှိတယ်။ ကားခပိုတောင်းချင်ပေမယ့် အုတ်လုပ်ငန်းရှင်တွေကလည်း ဈေးမရတော့ အဆင်မပြေနိုင်ဘူး” လို့ရန်ကုန်အုတ်ကားမောင်းသူကိုရဲရဲကပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီးမြို့နယ်တွေမှာ အုတ်လုပ်ငန်းတွေ လုပ်ကိုင်နေပြီး ရန်ကုန်ကို တိုက်ရိုက်တင်ပို့ ရောင်းချနေရာ အရောင်းအဝယ်ဖြစ်ပေမယ့် ဈေးမရလို့ အခက်ကြုံနေပါတယ်။

အုတ်လုပ်ငန်းရှင်တဦးမှာ အခြေခံလူတန်းစား မိသားစုဝင် ၅၀ လောက် မှီခိုနေရပြီး တိုက်ကြီးမြို့နယ်မှာ အုတ်လုပ်ငန်းရှင် ၂၀၀ ကျော်ရှိပြီး လယ်ယာမြေအား အခြားနည်း သုံးစွဲခွင့်လန(၃၉)ကျပြီးသား လယ်မြေတွေမှာ လုပ်ကိုင်သူတွေရှိသလို ခွင့်ပြုချက်မဲ့ လုပ်ကိုင်နေသူတွေလည်း ရှိပါတယ်။
သတင်း-မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013