DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်မြို့တွင် အခမဲ့ဆေးကုခန်း ဖွင့်လှစ်
DVB
·
October 16, 2017
ဘူးသီးတောင်မြို့တွင် အခမဲ့ဆေးကုခန်း ဖွင့်လှစ်
1 / 5
Donate to DVB

မြန်မာနိုင်ငံဆရာဝန်အသင်း၊ သစ်မင်းပရဟိတ ဆေးကုသရေးအဖွဲ့နဲ့ ဘူသီးတောင်မြို့ အရေးပေါ် ကူညီစောင့်ရှောက်ရေအသင်းတို့ ပူးပေါင်းပြီး အခမဲဆေးကုသခန်းတခုကို ဘူးသီးတောင်မြို့မှာ အောက်တိုဘာ ၁၅ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပါတယ်။

လမ်းပန်းဆက်သွက်ရေး ခက်ခဲလို့ ဆေးရုံဆေးခန်းကို မရောက်နိုင်သူတွေ၊ ဆင်းရဲ နွမ်းပါးပြီး ကျန်းမာရေးစောင့်ရှောက်မှုရဖို့လိုနေတဲ့ ဒေသခံတိုင်းရင်းသားတွေကို ကုသပေးမှာ ဖြစ်ပြီး လိုအပ်တဲ့ ညွှန်းပို့ကုသမှုတွေကိုပါ ကူညီထောက်ပံ့ပေးသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဆေးခန်းကို မြန်မာနိုင်ငံဆရာဝန်အသင်းနဲ့ သစ်မင်းပရဟိတဆေးကုသရေးဖွဲ့တို့ရဲ့ မတည်လှူဒါန်းခဲ့တဲ့ ဆေး၊ ဆေးပစ္စည်းတွေနဲ့ ရန်ပုံငွေတို့နဲ့ စတင်ခဲ့တာဖြစ်ပြီး ဒေသခံ ဆရာဝန်တွေ အလှည့်ကျလာရောက်ပြီး အခမဲ့ကုသပေးမယ်လို့ သိရပါတယ်။ လောလောဆယ် ဆေးခန်းကို စနေ၊ တနင်္ဂနွေနေ့တွေမှာ ဖွင့်လှစ်မှာဖြစ်ပြီး ကူညီပေးမယ့် ဆရာဝန်ရရှိမှုနဲ့ လူနာအရေအတွက် အရ လိုအပ်သလိုတိုးချဲ့ဖွင့်လှစ်တာ၊ ရွှေ့လျားဆေးအဖွဲ့နဲ့ ကုသပေးတာတွေပါ ဆောင်ရွက်ပေးသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

သစ်မင်း ပရဟိတ ဆေးကုသရေးအဖွဲ့က အရေးပေါ်အခြေအနေဖြစ်နေစဉ်အတွင်း ဘူးသီးတောင်မြို့မှာ တလကြာဆေးကုသမှုပေးခဲ့ပြီး ဆေးရုံတင်ကုသပေးဖို့လိုအပ်တဲ့ လူနာတွေကိုတော့ ဘူးသီးတောင်၊ စစ်တွေနဲ့ ရန်ကုန်မှာရှိတဲ့ ဆေးရုံကြီးတွေကို အခမဲ့လွှဲပြောင်းပေးခဲ့ပြီး တစ်လအတွင်း လူနာဦးရေ ၂၀ ကျော်ထိ လွဲပြောင်းပေးခဲ့သလို ကုသပေးခဲ့တဲ့ လူနာစုစုပေါင်း တစ်ထောင်ခန့်အထိ ရှိခဲ့ပါတယ်။

ဒေသအခြေအနေအရ အခမဲ့ဆေးခန်းတစ်ခုဆက်လည်တည်ရှိဖို့ လိုအပ်နေတဲ့အတွက် အဖွဲ့မှာရှိတဲ့ ဆေးဝါး၊ ဆေးပစ္စည်းတွေနဲ့ မြန်မာနိုင်ငံဆရာဝန်အသင်းက မတည်ရန်ပုံငွေ သိန်းငါးဆယ်နဲ့ ဆေးခန်းကို ဖွင့်လှစ်ခဲ့တာလို့ အရေးပေါ်ကူညီထောက်ပံ့ရေးအဖွဲ့က သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - ကိုအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013