DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်မြို့တွင် တရားမဝင် သစ်ခွဲသားများ ဖမ်းဆီးရမိ
DVB
·
October 16, 2017
ညောင်လေးပင်မြို့တွင် တရားမဝင် သစ်ခွဲသားများ ဖမ်းဆီးရမိ
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့၊ အင်းဝိုင်းကျေးရွာနားမှာ အောက်တိုဘာလ ၁၅ ရက် ည ၁၁ နာရီခွဲအချိန်က တရားမဝင် သစ်ခွဲသားတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြို့နယ်သစ်တောဦးစီးမှူးက ပြောပါတယ်။

ညောင်လေးပင်-ရွှေကျင် ကားလမ်းမိုင်တိုင်အမှတ် (၇/၀) နားမှာ မြိုနယ်သစ်တောဦးစီးမှူးနဲ့ ပူးပေါင်းအဖွဲ့က သတင်းအရ စောင့်ဆိုင်းနေချိန် ရွှေကျင်ဘက်ကနေ ပုဇွန်မြောင်းကျေးရွာကို ရွှေကျင်မြို့နေသူ ယာဉ်မောင်း ကိုမင်း မောင်းနှင်ပြီး ယာဉ်နောက်လိုက် ရွှေကျင်မြို့နယ်နေ လူထူးတို့ လိုက်ပါလာတဲ့ ယာဉ်အမှတ် (MDY 5H/2867 LIFAN) ယာဉ်ကို ရပ်တန့်စစ်ဆေးရာက ယာဉ်ပေါ်မှာ တရားမဝင် သစ်ခွဲသားဆိုဒ်စုံ ၁ တန်ခွဲ ဖမ်းဆီးရမိခဲ့တာလို့ သစ်တောဦးစီးမှူးက ဆိုပါတယ်။

မြို့နယ်သစ်တောဦးစီးမှူး ဦးတင်စိုးက “ကျနော်တို့ သတင်းအရ စောင့်ဆိုင်း စစ်ဆေးနေစဉ်မှာ ဖမ်းဆီးရမိတာပါ။ တန်ဖိုးကတော့ မတွက်ရသေးပါဘူး။ ယာဉ်နဲ့ သစ်ကိုတော့ သစ်တောရုံးဝင်းထဲမှာ သိမ်းဆည်းထာပါတယ်။ တရားရုံးမှာ ဥပဒေနဲ့အညီ ဦးတိုက် လျှောက်ထား တရားစွဲဆိုသွားမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဖမ်းဆီးရမိတာနဲ့ ပတ်သက်ပြီး တရားမဝင် သစ်ခွဲသားများ တင်ဆောင်လာသူ ယာဉ်မောင်း ကိုမင်းနဲ့ ယာဉ်နောက်လိုက် လူထူးတို့ကို ညောင်လေးပင်မြို့ သစ်တောဦးစီးမှူးက သစ်တောဥပဒေပုဒ်မ ၄၁(က)နဲ့ တရားရုံးမှာ ဥပဒေနဲ့အညီ တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။

သတင်း - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013