DVB Logo
Home
မြန်မာသတင်း
နေပြည်တော်လေဆိပ်တွင် ခရီးသည် ၃ ဦးထံမှ သေနတ်နှင့် ကျည်ဆန်များ ဖမ်းမိ
DVB
·
October 16, 2017
နေပြည်တော်လေဆိပ်တွင် ခရီးသည် ၃ ဦးထံမှ သေနတ်နှင့် ကျည်ဆန်များ ဖမ်းမိ
Donate to DVB

 

နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ နေပြည်တော်ကနေ ရန်ကုန်ထွက်ခွာမယ့် လေကြောင်း UB – 142/ ATR-72/XYAJZ နဲ့ လိုက်ပါမယ့် ခရီးသည် ၃ ဦးထံကနေ သေနတ်နဲ့ ကျဉ်ဆန်တွေကို အောက်တိုဘာ ၁၅ ရက်နေ့ ည ၇နာရီ ၁၅ မိနစ်ဝန်းကျင်လောက်က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ခရီးဆောင်အိတ်တွေ လေယာဉ်ပေါ်ကို သယ်ဆောင်ဖို့ Air Line ၀င်ပေါက်မှာ X-Ray စက်နဲ့ လုံခြုံရေးအရ စစ်ဆေးမှုမှာ အခုလို တွေ့ရှိခဲ့တာပါ။

လက်နက်သယ်ဆောင်လာသူတွေထဲမှာ ယခင် အစိုးရလက်ထက်က အားကစား ၀န်ကြီးဟောင်း ဦးတင့်ဆန်းရဲ့ သားဖြစ်လည်းဖြစ် မြန်မာနိုင်ငံမြှားပစ်အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ တဦးလည်း ဖြစ်ခဲ့တဲ့ ဦးဖြိုးကိုကိုတင့်ဆန်းပါဝင်နေတယ်လို့ သတင်းတွေထွက်ပေါ်မှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေကို မေးမြန်းခဲ့ရာမှာတော့ အခုလို ဖြေကြားခဲ့ပါတယ်။

“အဲဒါက ပြောလို့မရသေးပါဘူး။ လက်နက်ဖမ်းမိတယ်ဆိုတာတော့ အတည်ပြုလို့ ရပါတယ်။ လောလောဆယ်တော့ စစ်ဆေးနေတုန်းပါပဲ။ အများကြီးမဟုတ်ပါဘူး။ ကာကွယ်ဖို့ အတွက်ဆောင်ထားတဲ့ သေနတ်တွေပါ။ ကိုယ်ပိုင်ကာကွယ်နိုင်ဖို့အတွက် ဆောင်ထားတဲ့ သေနက်တွေပါ။ စိစစ်တုန်းပဲရှိသေးပါတယ်။ သေချာမှ ပြန်ပြောပါမယ်”လို့ နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်က ပြောပါတယ်။

အဲဒီလို တွေ့ရှိခဲ့မှုကြောင့် လက်နက်ဥပဒေပုဒ်မနဲ့ အရေးယူထားပြီး စစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒီနေ့ဟာဆိုရင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးခြင်း ၂ နှစ်ပြည့်အခမ်းအနား ပြုလုပ်ခဲ့ချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် အခုလို လက်နတ်တွေ ဖမ်းဆီးရမိတဲ့အပေါ်မှာ သတင်းတွေအမျိုးမျိုး ထွက်ပေါ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013