DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးရမိသော အောက်ချင်းငှက် ၉ ကောင်အား မန်းကြိုးပြင်သဘာဝတောတွင် ပြန်လွှတ်
DVB
·
October 15, 2017
ဖမ်းဆီးရမိသော အောက်ချင်းငှက် ၉ ကောင်အား မန်းကြိုးပြင်သဘာဝတောတွင် ပြန်လွှတ်
1 / 4
Donate to DVB

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့နယ်မှာ ဖမ်းဆီးရမိခဲ့တဲ့ အောင်ချင်းငှက် ၉ ကောင်ကို ငဖဲမြို့နယ် ဂုတ်ကြီးရေထိန်းတော မန်းကြိုးပြင်ဘသာဝတောမှာ ဒီနေ့ မနက်ပိုင်းက ပြန်လွှတ်ပေးခဲ့ကြောင်း ငဖဲသစ်တောဦးစီးက ပြောပါတယ်။

အောက်တိုဘာ ၁၄ ရက်နေ့ မင်းတုန်းမြို့နယ်မှ လာရောက်ပို့ဆောင်ထားတဲ့ အောက်ချင်း အောင်လောင်ငှက် ၉ ကောင်ကို ငဖဲမြို့နယ် နတ်ရေကန်တောင်ဒေသ ဂုတ်ကြီး ရေထိန်းတောအတွင်း မန်းကြိုးပြင်မှာ ရိုးမအလင်းတန်းအဖွဲ့ ဆလိုင်းရန်နောင်ထွန်းနဲ့ ဂုတ်ကြီးကျေးရွာ ဒေသခံတွေနဲ့အတူ သဘာဝတောအတွင်းသို့ လွှတ်ပြီးကြောင်း ငဖဲသစ်တော ဦးစီး ဦးအောင်မင်းသူက ဒီဗွီဘီကို ပြောပါတယ်။

မင်းတုန်းမြို့နယ် တိုင်းတားကျေးရွာလမ်းပေါက်အနီးတွင် တရားမဝင်သယ်ဆောင်လာတဲ့ အောက်ချင်းငှက် ၉ ကောင်ကို အောက်တိုဘာ ၈ ရက် ည ၇ နာခွဲက တိုင်းတားရဲကင်းစခန်းမှူး ရဲအုပ်စိုးမိုးအောင်နဲ့အဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးမှူးရုံးမှ သိရပါတယ်။

မင်းတုန်းမှပြည်ဘက်ပို့ဆောင်ဖို့ နှီးခြင်းတွေနဲ့ ထည့်ထားတဲ့ အောက်ချင်းငှက် ၉ ကောင်ကို ချစ်မင်းသူ ၁၄နှစ် မောင်းနှင်လာတဲ့ နံပါတ်မပါ ဆိုင်ကယ်ကို ရဲအုပ်စိုးမိုးအောင်၊ သစ်တောဌာနမှ တောအုပ်ဦးဌေးမင်း၊ ကျောက်တိုင်ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ တားဆီး စစ်ဆေးရာမှာ ဆိုင်ကယ်ကယ်ရီ နှစ်သောင်းသုံးထောင်နဲ့ တိုင်းတားကျေးရွာမှ မင်းတုန်းတံတား ကျော်တဲ့အထိ မောင်းပို့ရတယ်လို့ သိရှိရပြီး ဆက်လက်စစ်ဆေးဖော်ထုတ်ရာ ပိုင်ရှင်တွေက မြင်းကွေ့ကျေးရွာနေ စိမ်းမောင်နဲ့မာင်ကြာတို့ဖြစ်ကြောင်း သိရပါတယ်။

မင်းတုန်းမြို့မရဲစခန်းက တောရိုင်းတိရစ္ဆာန်နှင့်သဘာဝအပင်များ ကာကွယ်ရေး၊ သဘာဝနယ်မြေတွေ ထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၇(က)နဲ့ အရေးယူဆောင်ရွက်ထားကြောင်း သိရပါတယ်။

သတင်း-မင်းထီး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013