DVB Logo
Home
မြန်မာသတင်း
ကျိုက်ထီးရိုးရင်ပြင်ပေါ် သန့်ရှင်းမှုမရှိသည့် အစားအစာ ရောင်းသူများကို သတိပေး
DVB
·
October 15, 2017
ကျိုက်ထီးရိုးရင်ပြင်ပေါ် သန့်ရှင်းမှုမရှိသည့် အစားအစာ ရောင်းသူများကို သတိပေး
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ဆံတော်ရှင်ကျိုက်ထီးရိုးဘုရား ရင်ပြင်ပေါ်မှာ သန့်ရှင်းလတ်ဆက်မှုမရှိတဲ့ အစားအစာတွေကို ဘုရားဖူးပြည်သူထံရောင်းချနေတဲ့ ပျံကျဈေးသည် တွေကို အောက်တိုဘာလ ၁၄ ရက်နေ့က စေတီတော်ဂေါပကအဖွဲ့က သိမ်းဆည်းခေါ်ယူ သတိပေးခဲ့ကြောင်း သိရပါတယ်။

ကျိုက်ထီးရိုးစေတီ ဘဏ္ဍာထိန်းဂေါပကအဖွဲ့ဝင် ဦးအေးမြင့်သိန်းက "ဘုရားရင်ပြင်မှာ ပျံကျဈေးသည်တွေကို ဈေးရောင်းချခွင့်မပေးထားပါဘူး။ ဘုရားဖူးပြည်သူတွေ ၀ယ်စားချင်စိတ် မရှိဘဲ အတင်းထိုးရောင်းနေကြလို့ပါ။ အခုလိုခေါ်ယူသတိပေးတာကလည်း ဘုရားဖူးပြည်သူတွေ စိတ်အနှောင့်အယှက် မဖြစ်စေချင်လို့ပါ။ ကြက်ကြော်တွေဆိုရင်လည်း ဘယ်နှစ်ခါ ပြန်ကြော်ထားမှန်းမသိဘူး။ ဈေးသည်တွေကိုတော့ ၀န်ခံကတိထိုးခိုင်းလိုက်ပြီး စားသုံးဖို့မသင့်တဲ့ ပစ္စည်းတွေကိုတော့ သူ့တို့အရှေ့မှာပဲ ဖျက်ဆီးလိုက်တယ်" လို့ ဒီဗွီဘီကိုပြောပါတယ်။

စေတီတော်ရင်ပြင်တော်ပေါ် ရောင်းချနေတဲ့ ပျံကျဈေးသည်တွေကို ဂေါပကအဖွဲ့အပါအ၀င် ရင်ပြင်တော်ရဲစခန်း၊ ဘုရားဈေးကော်မတီအဖွဲ့မှ ဦးစီးကာ ဖမ်းဆီးမှုပြုလုပ်ခဲ့ပြီး ကြက်ကြော်ရောင်းချတဲ့ ဈေးသည် ၆ ဦး၊ သရက်သီး ချိုချဉ်သည် ၆ ဦးနဲ့ ဘယာကြော်ရောင်းချတဲ့ ဈေးသည် ၃ ဦးကို ယခုနှစ်ဘုရားဖူးရာသီအစ၌ ပထမအကြိမ်အဖြစ် သိမ်းဆည်းခေါ်ယူကာ ဝန်ခံကတိထိုးခိုင်းခဲ့တာဖြစ်ပါတယ်။

"သမီးတို့က တောင်ပေါ်မှာနေပြီး အိမ်အပိုဝင်ငွေရအောင်လို့ ဈေးထွက်ရောင်းတာပါ။ အသီးအနှံလေးနည်းနည်းပါးပါးလောက်ပါဘဲ။ တနေ့စာကုန်သလောက်ပဲလုပ်ပြီး ရောင်းတာ။ အမြတ်လေးလိုချင်လို့ရောင်းတာ ခုလိုအဖမ်းခံရတော့ အရင်းပါပြုတ်တာပေါ့" လို့ ပျံကျဈေးသည်တဦးက ပြောပါတယ်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ရဲ့ အခုနှစ်ဘုရားပွဲရာသီ ကျိုက်ထီးရိုးစေတီ တောင်ပေါ်မှာ တောရိုင်းတိရိစ္ဆာန်အသွေးအသားတွေပါဝင်တဲ့ အစားအသောက်တွေကို ရောင်းချတာ မပြုဖို့ပိတ်ပင်ထားကာ ဘုရားပုံတော်ပါ အ၀တ်အထည်တွေ ရောင်းချရာမှာလည်း ဂေါပကအဖွဲ့မှသတ်မှတ်ထားတဲ့ ဈေးနှုန်းထားထက် ဈေးတင်ရောင်းချတာတွေ့ရှိပါက တင်းကြပ်စွာ အရေးယူမှုများ ပြုလုပ်သွားမှာဖြစ်တယ်လို့ ဘဏ္ဍာထိန်းဂေါပကအဖွဲ့ရဲ့ ထုတ်ပြန်ချက်များအရ သိရပါတယ်။

သတင်း-ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013