DVB Logo
Home
မြန်မာသတင်း
ကြိုတင်မဲ​ပေး​ပွဲစတင်၊​ မဲမသမာမှုများ​ရှိ​နေဟု ​စောင့်​ကြည့်သူများ​ ​ပြောကြား
DVB
·
March 30, 2012
ကြိုတင်မဲ​ပေး​ပွဲစတင်၊​ မဲမသမာမှုများ​ရှိ​နေဟု ​စောင့်​ကြည့်သူများ​ ​ပြောကြား
Donate to DVB

၂၀၁၂ ကြား​ဖြတ်​ရွေး​ကောက်ပွဲအတွက် လစ်လပ်မဲဆန္ဒနယ် ၄၅ ခုစလုံး​မှာ ကြိုတင်မဲ ​ပေး​ချင်တဲ့​သူ ​တွေအတွက် မတ် ၃၀ နဲ့​ ၃၁ ရက်​တွေမှာ ကြိုတင်မဲ​တွေ စတင် ​ပေး​နေကြပြီ ဖြစ်ပါတယ်။

ရွေး​ကောက်ပွဲ​ကော်မရှင်ရဲ့​ ထုတ်ပြန်ချက်အရ မဲရုံတာဝန်ကျတဲ့​ ဝန်ထမ်း​၊​ တာဝန်နဲ့​ ခရီး​ထွက်ရ မယ့်​ ဝန်ထမ်း​တွေအပါအဝင် သက်ကြီး​ရွယ်အို​တွေ၊​ ကျန်း​မာ​ရေး​ ချို့​ယွင်း​နေတဲ့​သူ​တွေ၊​ အချုပ် ကျ​နေတဲ့​သူ​တွေက ကြိုတင်မဲ ​ပေး​ခွင့်​ရတာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်း​ဒေသကြီး​ ပုသိမ်မြို့​နယ်ထဲကရပ်ကွက်တချို့​မှာ ဒီက​နေ့​ မနက်က ကြိုတင်မဲ ​ပေး​ရာမှာ မဲရုံတာဝန်ရှိသူ​တွေက ပါတီကိုယ်တာဝန်ရှိသူ ​တွေကို ဟန့်​တား​မှု​တွေ ရှိခဲ့​တယ်လို့​ အန်အယ်လ်ဒီပါတီ ကိုယ်စား​လှယ်​လောင်း​က ​ပြောပါတယ်။

ကြိုတင်မဲ​ပေး​တဲ့​အတွက် ပါတီကိုယ်စား​လှယ်​လောင်း​တွေ မဲရုံကို ​စေလွှတ်ပြီး​ ​စောင့်​ကြည့်​ခိုင်း​ရာမှာ ၁၄ ရပ်ကွက်က မဲရုံတာဝန်ရှိသူ​တွေက အန်အယ်လ်ဒီပါတီ ကိုယ်စား​လှယ်​လောင်း​ရဲ့​ ကိုယ်စား​လှယ် ၂ ဦး​ကို မဆိုင်ရင် ဝင်မရှုပ်နဲ့​လို့​ ခြိမ်း​ခြောက် တား​မြစ်တယ်လို့​ အန်အယ်လ်ဒီ ကိုယ်စား​လှယ် ဦး​ဝင်း​မြင့်​က ​ပြောပါတယ်။

“ကြိုတင်မဲ​တွေ​တော့​ ​ပေး​ပြီး​ဗျ၊​ တချို့​ရပ်ကွက်က​တော့​လည်း​ မှန်မှန်ကန်ကန်​ပေါ့​လေ။ တချို့​ရပ်ကွက်က မဟုတ်ဘူး​။ ဟိုတုန်း​က အကျင့်​ ရှိ​သေး​တယ်။ ကျ​နော်တို့​ဆီက မဲရုံကိုယ် စား​ လှယ်၊​ အကူကိုယ်စား​လှယ်​တွေကို အဲဒီ ကြိုတင်မဲကို ​စောင့်​ခိုင်း​ထား​တဲ့​အခါမှာ ဘာမှ ကြည့်​ခွင့်​ သိခွင့်​မရှိ​အောင် ဟိန်း​ဟောက်ထား​ပြီး​ ဘာမှကြည့်​စရာ မလိုဘူး​၊​ သိစရာမလိုဘူး​ ဆိုပြီး​ပြောဆို တာကို ကျ​နော့်​ဆီ ​ရောက်လာပြီး​ ​ပြောပြ​တော့​ ​ကော်မရှင်ဆီကို တခါတည်း​ ဆက်ပြီး​တော့​ ဒီလို မလုပ်ပါနဲ့​ ခင်ဗျား​တို့​ ​အောက်​ခြေက ​ကော်မရှင်​တွေ ဒီလိုဖြစ်​နေတယ်ဆိုပြီး​ လှမ်း​ အ​ကြောင်း​ကြား​ ရ​သေး​တယ်။”

ပုသိမ်မြို့​မှာ ​ရွေး​ကောက်ပွဲ အကြိုကာလ မဲဆွယ်စည်း​ရုံး​နေတဲ့​ ​နေရာမှာလည်း​ သက်ဆိုင်ရာ​ဒေသ အာဏာပိုင်တချို့​နဲ့​ ဒု-ဝန်ကြီး​အဆင့်​ ရှိသူတဦး​ဟာ ကြံ့​ခိုင်​ရေး​ပါတီ ကိုယ်စား​လှယ်အတွက် မဲဆွယ်ခဲ့​တာနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို သိက္ခာချတဲ့​ စာရွက်စာတမ်း​တွေကို မြို့​နယ်ထဲမှာ ဖြန့်​ဝေတာမျိုး​လည်း​ ရှိ​နေတယ်လို့​ ဦး​ဝင်း​မြင့်​က ​ပြောပါတယ်။

အလား​တူ ဧရာဝတီတိုင်း​ ဖျာပုံမြို့​ပေါ်က ရပ်ကွက်တချို့​မှာလည်း​ ဒီ​နေ့​ ကြိုတင်မဲ ​ပေး​ခဲ့​ကြရာမှာ လျို့​ဝှက် ကြိုတင်မဲကိုပိတ်ထား​တဲ့​အိပ်မှာ ချိတ်​တွေ ကွာ​နေပြီး​ ပွင့်​နေတာကို ​တွေ့​ရတယ်လို့​ ဖျာပုံ​ရွေး​ကောက်ပွဲ ​စောင့်​ကြည့်​ရေး​ ကွန်ရက်က ကိုဘသက်​အောင်က ​ပြောပါတယ်။

“ဒီ​နေ့​မှာ ၁၀ ရပ်ကွက်၊​ ၈ ရပ်ကွက်၊​ ၁၄ ရပ်ကွက်၊​ ၉ ရပ်ကွက်​တွေဆီကို သွား​ပြီး​စုံစမ်း​တော့​ အဲဒီမှာ မဲရုံမှာ ကြိုတင်မဲ လိုက်ပြီး​တော့​ ​ကောက်ခံတဲ့​အခါမှာ ချိတ်ပိတ်ထား​တဲ့​ စာအိတ်​တွေက ​ဘေး​တ ဖက်တချက်မှာ ပွင့်​နေတယ်။ ဒါကို သွား​တွေ့​တဲ့​အခါ ​ကော်မရှင်ကို သူတို့​ ​ပြောတယ်​ပေါ့​။ တချို့​ရပ်ကွက် ​ကော်မရှင် ဥက္ကဋ္ဌက ပြင်​ပေး​တယ်။ ဥပမာ - ၉ ရပ်ကွက် ​ကော်မရှင် ဥက္ကဋ္ဌ ဆိုရင် ပြန်ပြီး​တော့​ ပြင်​ပေး​တယ်။ တချို့​ ရပ်ကွက်​တွေက​တော့​ ပြင်မ​ပေး​သေး​ဘဲနဲ့​ ဒီအတိုင်း​ ထား​ထား​တယ်’လို့​ပြောပါတယ်။

ဒါ့​ပြင် ၁၄ ရပ်ကွက်မှာ ကြိုတင်မဲ စာရွက်မှာ ရပ်ကွက်​ကော်မရှင် တံဆိပ်တုံး​နဲ့​ လက်မှတ်​တွေ မပါဝင်​ကြောင်း​ ​တွေ့​ရပြီး​ ကိုး​အိမ်တန်း​ကျေး​ရွာမှာ​တော့​ ကြိုတင်မဲ ​ကောက်ခံတဲ့​ အခါမှာ ပါတီကိုယ်စား​လှယ်​တွေကို လိုက်ပါခွင့်​ မရှိဘူး​ ဆိုပြီး​ ရပ်ကွက်​ကျေး​ရွာ ​ကော်မရှင် ဥက္ကဋ္ဌက​နေပြီး​တော့​ ​အော်​ငေါက်ပြီး​ ​ပြောတာမျိုး​တွေလည်း​ ​တွေ့​ရပါတယ်။”လို့​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​တွေရဲ့​ ​ရွေး​ကောက်ပွဲ​စောင့်​ကြည့်​ရေး​ ကွန်ရက်က ကိုဘသက်​အောင် ​ပြောပါတယ်။

စစ်ကိုင်း​တိုင်း​ဒေသကြီး​ ပုလဲမြို့​နယ်အတွင်း​မှာ မြို့​နယ်​ရွေး​ကောက်ပွဲ ​ကော်မရှင်က ကြိုတင်မဲ ​ကောက်ယူမှုဟာ တရား​ဥပ​ဒေနဲ့​ မကိုက်ညီဘဲ မသမာတဲ့​ဘက်ကို ဦး​တည်​နေတယ်လို့​ အန်အယ်လ်ဒီ အမတ်​လောင်း​ ​ဒေါ်ခင်စန်း​လှိုင်က ​ပြောပါတယ်။

“အန်တီတို့​မြို့​နယ်မှာ မနက်ကတည်း​က ကြိုတင်မဲ​တွေ ရွာတိုင်း​စေ့​ လိုက်ပြီး​ ​ကောက်​နေကြပြီ။ ​ကျေး​ရွာ​ကော်မရှင် ဥက္ကဋ္ဌက​နေပြီး​တောမှ တအိမ်တက် တအိမ်ဆင်း​ လိုက်ပြီး​တော့​မှ ကြိုတင်မဲကို ​ကောက်​နေတယ်။ ဥပ​ဒေအရ ဆိုလို့​ရှိရင် ကြိုတင်မဲ ​ပေး​ချင်တဲ့​လူက ​ကော်မရှင်ကို အ​ကြောင်း​ကြား​မှ ​ကော်မရှင်က​နေ ကြိုတင်မဲ ​ပေး​ချင်တဲ့​ လူရဲ့​အိမ်ကို သွား​ပြီး​တော့​ ယူရမှာ။ အခုဟာက မဟုတ်ဘဲနဲ့​ ​ကျေး​ရွာ​ကော်မရှင်က​နေပြီး​တော့​မှ တအိမ်တက် တအိမ်ဆင်း​ လိုက်ပြီး​တော့​ ကြိုတင်မဲကို လိုက်​ကောက်​နေတာဆို​တော့​ ဒါ ဥပ​ဒေနဲ့​ လုံး​ဝ မညီညွတ်ဘူး​’လို့​ပြောပါတယ်။

ဒီကိစ္စကို မြို့​နယ်​ကော်မရှင်ကို တင်ပြထား​ပေမယ့်​ အ​ရေး​ယူ ​ဆောင်ရွက်တာ မရှိဘူး​တဲ့​ အ​ကြောင်း​နဲ့​ ​ကျေး​ရွာ​ကော်မရှင် ဥက္ကဋ္ဌက ကြံ့​ခိုင်​ရေး​ပါတီရဲ့​ ဥက္ကဋ္ဌ ဖြစ်​နေတဲ့​အ​ကြောင်း​လည်း​ဒေါ်ခင်စန်း​လှိုင်က ​ပြောပါတယ်။

ရှမ်း​ပြည်နယ် က​လောမြို့​နယ်ဟာ တပ်နယ်ဆို​ပေမယ့်​ မြို့​နယ်ထဲ ကြိုတင်မဲ​ပေး​တဲ့​သူ အ​ရေအတွက် ​ပြောပ​လောက်​အောင် မရှိဘူး​လို့​ သိရပါတယ်။ မြို့​နယ်အတွင်း​ မဲ​ပေး​ပိုင်ခွင့်​ ရှိသူ​ပေါင်း​ ၉ ​သောင်း​ကျော် ရှိတဲ့​အနက် တပ်မ​တော်သား​ မဲ​ပေး​နိုင်သူ​ပေါင်း​က​တော့​ ၁ ​သောင်း​ကျော်ပဲ ရှိပြီး​တော့​ တိုင်း​ရင်း​သား​မဲက အများ​စု ဖြစ်တဲ့​အတွက် တိုင်း​ရင်း​သား​ပါတီ​တွေ အ​ခြေအ​နေ ​ကောင်း​နိုင်တယ်လို့​ ကျား​ဖြူပါတီ ကိုယ်စား​လှယ် ဦး​စပ်သာဦး​က ဒီဗွီဘီကို ​ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013