DVB Logo
Home
မြန်မာသတင်း
ဒဂုံ-ဧရာ အဝေးပြေးဝင်းတွင်း မိလ္လာကန်အညစ်အကြေးများအား စနစ်တကျ စွန့်ပစ်စေလို
DVB
·
October 15, 2017
ဒဂုံ-ဧရာ အဝေးပြေးဝင်းတွင်း မိလ္လာကန်အညစ်အကြေးများအား စနစ်တကျ စွန့်ပစ်စေလို
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ လိုင်သာယာမြို့နယ်၊ ဒဂုံ-ဧရာ အဝေးပြေးဝင်း ယာဉ်ရပ်နားစခန်း အတွင်း မိလ္လာကန်များပြုပြင်တူးဖော်ရာမှာ အနံ့အသက်နဲ့ အညစ်အကြေးတွေကြောင့် အများပြည်သူတွေ ကျန်းမာရေးထိခိုက်တာတွေရှိတယ်လို့ ကားဝင်းအတွင်းရှိ ဈေးဆိုင်ပိုင်ရှင်တွေနဲ့ ခရီးသွားတွေက ပြောပါတယ်။

“ကျနော်တို့ဌာန ဒဂုံ-ဧရာအဝေးပြေး ကာဝင်း ကို၂၀၀၃ ခုနှစ်ကစတင်တည်ဆောက်ခဲ့တာ ဆိုတော့ မိလ္လာကန်တွေ ပျက်စီးတာ ကျိုးပေါက်တာတွေ ရှိတယ်။ စိမ့်ထွက်မှုတွေကစပြီး အနံဆိုး ထွက်တာ ဖြစ်မှာပါ။ ကျနော်တို့ စည်ပင်သာယာကော်မတီ အခွန်ဌာနက မိလ္လာကန် စွန့်ပစ်မှုတွေကို သေသေချာချာစွန့်ပစ်တာပါ။ စားသောက်ဆိုင် လုပ်ငန်းရှင်တွေကို အစည်းအဝေးဖိတ်ပြီး ဘယ်လိုစွန့်ပစ်ကြမလဲဆိုတာကို အစည်းအဝေးဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်တာပါ။ ပတ်ဝန်းကျင်ကို အနံ့ဆိုးတွေထိခိုက်အောင် လုပ်ဆောင်တာမဟုတ်ပါဘူး” လို့ စည်ပင်သာယာရေ ကော်မတီ အခွန်ဌာန ဒဂုံ- ဧရာ အဝေးပြေး ယာဉ်ရပ်နား စခန်းမှ တာဝန်ခံ လက်ထောက်ညွန်ကြားရေးမှူး ဦးစစ်ငြိမ်း ကပြောပါတယ်။

“ကျမတို့ကို မိလ္လာကန် သန့်ရှင်းရေအတွက်ဆိုပြီး ဆိုင်တစ်ကို ငွေတစ်သိန်းကောက်တယ်။ ကျမ တို့အနေနဲ့ ကြည်ကြည်ဖြူဖြူပေးပါတယ်။ အရင်နှစ်တွေကလို ညဘက်ကားနဲ့ စုတ်ယူ စွန့်ပစ်မယ်ထင်တာ။ လူအားနဲ့ နေ့ဘက်တွေမှာလုပ်တော့ မိလ္လာကန်ကထွက်တဲ့ အနံ့ဆိုးတွေက မခံနိုင်အောင်နံတာ ညဘက်လုပ်မယ်ဆို မပြောဘူး။ နေ့ဘက် ခရီးသွားပြည်သူတွေ ပါအနံ့မခံနိုင်ဘူးဖြစ်နေတယ်” လို့ စားသောင်ဆိုင်ပိုင်ရှင် ဒေါ်အေးအေးမြင့်က ပြောပါတယ်။

“သူတို့က မိလ္လာကန်ထဲကရေတွေကို ပုံးနဲ့ခတ်ပြီး မြောင်းထဲကိုသွန်တယ်။ အဖတ်တွေကျတော့ ပီနံအိပ်တွေနဲ့ထည့်ပြီး ပုံထားပါတယ်။ သုံးလေးရက်ရှိပြီးမသယ်ပါဘူး။ အဲဒီတော့အနံ့အသက်တွေက နံတော့တာပေါ့။ ပြီးတော့ကားဝင်းထဲက ကစားသောက်ဆိုင်တွေ များတယ်လေ။ အဲဒီအနံ့တွေနဲ့ စားသုံးတဲ့သူလည်း အဆင်မပြေဘူး။ ကားဝင်းထဲ နေတဲ့သူတွေလည်း ဒီအနံ့တွေကြောင့် ကျန်းမာရေးထိခိုက်သူတွေလည်း ရှိနေပါတယ်။ စည်ပင်သာယာကနေနဲ့ ဒီအညစ်အကြေးတွေကို စနစ်တကျပြုလုပ်စွန့်ပစ်မယ်ဆို အကောင်းဆုံးဖြစ်မှာပါ” လို့ ကားဝန်းနေပြည်သူတဦး က ပြောပါတယ်။

လှိုင်သာယာမြို့နယ်ဒဂုံ-ဧရာအဝေးပြေးကားဝင်း အတွင်း စားသောက်ဆိုင်ပေါင်း ၁၂၀ ကျော်ရှိပြီး မိလ္လာကန်ပေါင်း ၆၀ ကျော်ရှိပါတယ်။ အရင်နှစ်တွေက မိလ္လာကန်စွန့်ပစ်တာတွေကို ညဘက်မှာ ကားတွေနဲ့ စုပ်ထုတ် စွန့်ပစ်တာတွေ ပြုလုပ်ခဲ့ပေမယ့် ၂၀၁၇ခုနှစ်မှာတော့ လူတွေနဲ့ လုပ်ကိုင်နေပြီး စနစ်တကျစွန့်ပစ်မူတွေ မရှိတာကြောင့် ကားဝင်းနေပြည်သူတွေနဲ့ ခရီးသွားပြည်သူတွေမှာ အနံ့ဆိုးတွေထွက်ပေါ်နေသောကြောင့် တချို့ကျန်းမာရေး ထိခိုက်မှုတွေပါ ရှိနေပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013