DVB Logo
Home
မြန်မာသတင်း
၁၂ နှစ်အရွယ် သားဖြစ်သူက ဖခင်အရင်းအား ဓားဖြင့် ခုတ်သတ်
DVB
·
October 15, 2017
၁၂ နှစ်အရွယ် သားဖြစ်သူက ဖခင်အရင်းအား ဓားဖြင့် ခုတ်သတ်
Donate to DVB

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ စမ်းအိုင်ကျေးရွာမှာ အောက်တိုဘာ ၁၃ ရက် နေ့လယ်က ၁၂ နှစ်အရွယ် သားဖြစ်သူက ဖခင်အရင်းကို ကိုင်းခုတ် ဓားမနဲ့ခုတ်သတ်ခဲ့ တယ်လို့ သိရပါတယ်။

သေဆုံးသူ ဦးသောင်းနိုင်မှာ နေ့စဉ်ရက်ဆက်အရက်သေစာ သောက်စားမူးယစ်ကာ မိသားစုကို ကြိမ်းဝါးရိုက်နှက်လေ့ရှိပြီး အောက်တိုဘာ ၁၃ ရက်နေ့ နေလည် ၁၂ နာရီလောက်က အရက်မူးယစ်ကာ သားဖြစ်သူ ဟန်သွင်မောင်ကို ကြိမ်းဝါးကာ လိုက်လံရိုက်နှက်လို့ စိတ်မထိန်း နိုင်ဘဲ အသင့်ကိုင်ဆောင်ထားတဲ့ ကိုင်းခုတ်ဓားမနဲ့ ခုတ်တာကြောင့် ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သတ်လို့ မိခင်ဖြစ်သူ ဒေါ်လှငြိမ်းက သားဖြစ်သူကို ဥပဒေအရ အရေးယူပေး ဖို့ တိုင်တန်းလို့ မင်းလှ မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ-၃၀၂ နဲ့ အမှုဖွင့်ထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ မင်းလှမြို့မ ရဲစခန်မှူး ဒုရဲမှူး မျိုးမြင့်ဦးက ပြောပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013