DVB Logo
Home
မြန်မာသတင်း
ပဲခူးတိုင်းဒေသကြီးတခုလုံးတွင် ပဲစားပွဲများ ပြုလုပ်သွားမည်ဟု ဝန်ကြီးချုပ်ပြော
DVB
·
October 15, 2017
ပဲခူးတိုင်းဒေသကြီးတခုလုံးတွင် ပဲစားပွဲများ ပြုလုပ်သွားမည်ဟု ဝန်ကြီးချုပ်ပြော
1 / 5
Donate to DVB

 

အိန္ဒိယနိုင်ငံက ပြည်တွင်းပဲတွေကို အဝယ်ပိတ်ထားလိုက်တာကြောင့် ပဲစိုက်တောင်သူတွေ အခက်အခဲဖြစ်နေကြရအတွက် ပဲကို ကိုယ့်ပြည်တွင်းမှာ အဝယ်လိုက်အောင် ပဲစားပွဲတော်တွေ မကြာမီ ပြုလုပ်သွားမယ်လို့ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်းက ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာ၊ ဇန်နဝါရီဆိုရင် လယ်ဆည်ဝန်ကြီး ဦးဆောင်းပြီး ပဲနဲ့ပတ်သက်တဲ့ မုန့်တွေ ဒေသအနှံ့မှာ ပြုလုပ်ကာ ပဲစားပွဲတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျောင်းတွေမှာ ကလေးငယ်တွေအတွက်လည်း ပဲနို့များများတိုက်နိုင်အောင် ပညာရေးဌာနနဲ့ ချိတ်ဆက်ပြီး ပဲကြိတ်စက်တွေနဲ့ ပဲနို့များပြုလုပ်ကာ ကလေးငယ်တွေ သန်မာစေဖို့ အရိုးအဆစ်တွေ ကြီးထွားစေဖို့ ဉာဏ်ရည်တွေ ကောင်းမွန်စေဖို့ ဆောင်ရွက်သွားမယ်လို့လည်း ပဲခူးတိုင်းဝန်ကြီးချုပ်က ဆိုပါတယ်။

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် သီရိရတနာခန်းမမှာ အောက်တိုဘာ ၁၄ ရက်နေ့က ဒေသခံပြည်သူတွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပွဲမှာ အခုလို ပြောကြားလိုက်တာပါ။

ဝန်ကြီးချုပ်ဦးဝင်းသိန်းက “ဆိုလိုတဲ့သဘောက သူတို့ မဝယ်လည်း ကိစ္စမရှိဘူး။ တို့ဟာတို့ လုပ်စားတတ်တယ်ဆိုတဲ့ သဘောပေါ့နော်။ အဲ့တော့ ကျနော်တို့ အမျိုးအဖုံဖုံ လုပ်စားမယ်။ ကိုယ်တီထွင်နိုင်သလောက်ပေါ့။ အခုလောလောဆယ် မုဒိတာဖောင်ဒေးရှင်းတခုကနေပြီးတော့ ကျနော်တို့ကို ပဲနို့စက်တွေ လှူဒါန်ထားတာရှိတယ်။ ကျနော်တို့ အခု သနပ်ပင်တို့ ကဝတို့ဘက်မှာ လုပ်နေပါပြီ။ ပဲခူးလည်း လုပ်မယ်။ ပညာရေးဌာနကလည်း ပေါင်းစပ်ပြီးတော့ ကလေးတွေကို ပဲနို့တိုက်မယ်။ ဥက္ကဋ္ဌကိုလည်း ကျနော် လယ်ဆည်ဝန်ကြီးကို တာဝန်ပေးထားပါတယ်။ ၂၈ မြို့နယ်လုံးလုပ်မှာဖြစ်ပါတယ်။ အလှူရှင်များ ရှိရင်လည်း ပဲနို့စက်က ၁ သိန်းခွဲပဲ ရှိပါတယ်။ ကျောင်းတွေကို လှူလို့ရပါတယ်။ ပဲကလည်း တပြည်ဆိုလို့ရှိရင် ကျောင်းသားတစ်ရာလောက်ကို တိုက်လို့ ရပါတယ်။ ဒါဆို ကျနော်တို့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဖြစ်စေချင်တဲ့ ပဲနို့သောက်ခြင်းအားဖြင့် ကလေးတွေ ထွားကျိုင်းမယ်၊ အရိုးအဆစ်တွေ သန်မာမယ်၊ နောင်လာမယ့် မျိုးဆက်အတွက်လည်း ကောင်းမယ်”လို့ ပြောပါတယ်။

အဆိုပါတွေ့ဆုံပွဲကို ဒေသအတွင်းက တောင်သူတွေ အများဆုံးရဲ့ လယ်ယာမြေ ပြဿနာကို အများဆုံးတင်ပြကြပြီး တောင်သူတွေရဲ့ အခက်အခဲတင်ပြချက်တွေကို တိုင်းအဆင့် ဋ္ဌာနဆိုင်ရာမှ တာဝန်ရှိသူတွေက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြပါတယ်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013