
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့အနေနဲ့ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့မှာ လူထုထောက်ခံပွဲကို ဒီနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ မြို့ခံပြည်သူလူထုနဲ့ ကျောက်ဆည်ဆင် အကောင်ပေါင်း ၃၀ ကျော်ဟာ ကျောက်ဆည်မြို့အဝင် ကြပ်မတွန်ဂိတ်မှ ရန်ကုန်-မန္တလေး လမ်းမကြီးအတိုင်းနဲ့ ရွှေသာလျောင်းတောင်ခြေရှိ ဆင်ပြိုင်ကွင်းအထိ ချီတက်လမ်းလျှောက်ခဲ့ ပါတယ်။
ကျောက်ဆည်မြို့သူမြို့သား ၃၀၀၀ ကျော်နဲ့ လူမှုရေးအဖွဲ့အစည်းတွေနဲ့အတူ ဇော်ဂျီမောင်၊ ကေသီဦး၊ ဧရာမောင်၊ မိုးဇော်၊ ဧရာမင်း၊ သုခမောင်၊ ရွှေမိုးထောင်၊ လှယဉ်ကျေး၊ ကေသီဦး၊ အောင်ဆန်းဇာနည်၊ ရွှေစင်မောင်၊ ဧရာမိုး၊ ပိတောက်မြိုင်၊ မြတ်ဂုဏ်ရောင်၊ ပြည်အားမာန် စတဲ့ ဆင်အကောင်းပေါင်း ၃၀ ကျော် ချီတက်ထောက်ခံခဲ့ကြပါတယ်။
သတင်း၊ ဓာတ်ပုံ - အောင်အောင်နိုင်










