DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တိုးတက်ရေး စီမံကိန်း ယနေ့ စတင်
DVB
·
October 15, 2017
ရခိုင်ပြည်နယ်တိုးတက်ရေး စီမံကိန်း ယနေ့ စတင်
Donate to DVB

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မယ့် ရခိုင်ပြည်နယ် တိုးတက်ရေး စီမံကိန်း ဒီနေ့ စတင်မယ်လို့ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေး ဦးသောင်းထွန်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောကြား ခဲ့ပါတယ်။

ဒီစီမံကိန်းကို ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေလုပ်ဖို့ ဖြစ်တယ်လို့ မနေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ Arria Formula အစည်းအဝေးမှာ သူက ပြောကြားလိုက်တာပါ။

ဒါဟာ အစိုးရအနေနဲ့ ချက်ချင်း ဆောင်ရွက်သွားမယ့် အဓိက လုပ်ငန်း သုံးခုဖြစ်ပြီး ဒုက္ခသည်တွေ ပြန်လည်လက်ခံဖို့နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးအပ်ရေး၊ တိမ်းရှောင်နေတဲ့ အသိုက်အဝန်းတွေ အားလုံးအတွက် ပြန်လည်နေရာချထားရေးနဲ့ ပြန်လည်ထူထောင်ရေး၊ ရခိုင်ပြည်နယ် ရေရှည်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ဖြစ်တယ်လို့လည်း ဦးသောင်းထွန်းက ပြောပါတယ်။

ဒီစီမံကိန်းအရ အစိုးရ၊ ပြည်သူ၊ ပုဂ္ဂလိကကဏ္ဍ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာမိတ်ဖက်တွေ၊ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ အစိုးရ မဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်သွားကြမယ်လို့လည်း သူက ဆက်ပြောပါတယ်။

ရခိုင်ပြည်နယ်က လူအများ ဒုက္ခရောက်နေတာကို မြန်မာအစိုးရအနေနဲ့ အလေးမထားဘူး ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း ငြင်းဆိုပြီး ဆယ်စုနှစ်ပေါင်းများစွာရှိနေခဲ့တဲ့ အဲဒီပြဿနာတွေကို ရေရှည်တည်တံ့မယ့် အဖြေရရှိရေးအတွက် ဦးစားပေးဆောင်ရွက်နေတယ်လို့လည်း သူက ဆိုပါတယ်။

ပြီးတော့ အိုးအိမ် စွန့်ခွာတိမ်းရှောင်နေရတဲ့ အပြစ်မဲ့သူတွေ ဒုက္ခရောက် ခံစားနေရတာကို အစိုးရအနေနဲ့ အများကြီး စိတ်မကောင်းဖြစ်ရတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် နေအိမ်တွေစွန့်ခွာပြီး တခြားဒေသတွေကို သွားရောက်ခိုလှုံနေသူတွေအပေါ် စိတ်မကောင်း ဖြစ်ရပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းက ဖြစ်ပေါ်နေတာနဲ့ ပတ်သက်လို့ မတူညီတဲ့ သဘောထား အမြင်တွေ ရှိနေတာကိုလည်း လျစ်လျူမရှုပဲ ကောင်းသူနဲ့ ဆိုးသူကို ခွဲထုတ်ရမယ်လို့လည်း နိဂုံးချုပ်မှာ ဦးသောင်းထွန်းက ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013