
အစွန်းရောက် အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နေရပ် စွန့်ခွာတိမ်းရှောင်နေတဲ့ ဒေသခံတိုင်းရင်းသား ၈၀ ကျော်ဟာ နယ်မြေတည်ငြိမ်အေးချမ်းလို့ နေရပ် ပြန်လည်ပြောင်းရွှေ့ပေးခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက်အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ ဒေသခံတိုင်းရင်းသားတွေထဲက ဘူးသီးတောင်မြို့ရှိ ရန်အောင်မြင် ဘုန်းတော်ကြီးကျောင်း၊ ဝေနေယျသုခ ဘုန်းတော်ကြီးကျောင်းနဲ့ ဓမ္မမဏ္ဍိုင် ဘုန်းတော်ကြီး ကျောင်းတို့မှာ ခိုလှုံနေသူအချို့ရဲ့ ဆန္ဒအရ နေရပ်ပြန်ပို့ခဲ့တယ်လို့ ဆိုပါတယ်။
မောင်တောမြို့နယ်၊ မြဝတီ ကျေးရွာ၊ သင်္ဘောလှ ကျေးရွာနဲ့ တမန်းသား ကျေးရွာတို့မှ ဒေသခံ တိုင်းရင်းသား အိမ်ထောင်စု ၂၆ စုမှ လူဦးရေ ၈၅ ဦးတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မော်တော်ယာဉ် နှစ်စီးနဲ့ အောက်တိုဘာ ၁၄ ရက်နေ့ မွန်းလွဲပိုင်းမှာ ပြန်လည်ပို့ဆောင်ပေးခဲ့တာပါ။
နေရပ်ပြန်လိုကြတဲ့ ကျန်ရှိ ဒေသခံ တိုင်းရင်းသားတွေကိုလည်း နေရပ်အသီးသီး ပြန်လည် ပြောင်းရွှေ့နိုင်ရေး ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။











