DVB Logo
Home
မြန်မာသတင်း
ရေနစ် သုံးဘီးဆိုင်ကယ်အား ၀ိုင်းတွန်းပေးသူ ၅ ဦး ဓာတ်လိုက်သေဆုံး
DVB
·
October 15, 2017
ရေနစ် သုံးဘီးဆိုင်ကယ်အား ၀ိုင်းတွန်းပေးသူ ၅ ဦး ဓာတ်လိုက်သေဆုံး
Donate to DVB

သုံးဘီးဆိုင်ကယ်ရေနစ်နေမှုကို ၀ိုင်းတွန်းဆယ်ပေးသူ ၆ ယောက် ဓာတ်လိုက်မှု ဖြစ်ပွားခဲ့လို့ အခင်းဖြစ်ပွားရာနေရာမှာ ၅ ဦးသေဆုံးခဲ့ပြီး ၁ ဦးကတော့ အတွင်းလူနာအဖြစ် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှာ ဆေးဝါးကုသနေရပါတယ်။

အောက်တိုဘာ ၁၄ ရက်နေ့ မနက် ၁၁ ခွဲလောက်က ဇေယျာသီရိမြို့နယ်၊ မအူတောကျေးရွာအုပ်စု၊ မအူတောကျေးရွာမှာ ဖြစ်ပွားခဲ့တာပါ။

မအူတောကျေးရွာနေသူ ဦးညိုရဲ့ နေအိမ်ရှေ့မှာ မုန့်ဟင်းခါးသယ်ဖို့အတွက် လာတဲ့ သုံးဘီးဆိုင်ကယ်ဟာ ရေနစ်ခဲ့တာကြောင့် ၀ိုင်းတွန်းပေးခဲ့ကြတာဖြစ်ပါတယ်။

အဲဒီလို ၀ိုင်းတွန်းပေးနေတုန်း ဆိုင်ကယ် စတက်မော်တာနဲ့ စက်နှိုးလိုက်တာကြောင့် ဘထ္ထရီကနေတဆင့် ရေနဲ့ ထိကာ ရှော့ဖြစ်ပြီး အခုလို ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013