DVB Logo
Home
ပညာရေး/နည်းပညာ
မြိတ်မြို့တွင် အလုပ်သမားရေးရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ
DVB
·
October 14, 2017
မြိတ်မြို့တွင် အလုပ်သမားရေးရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ
Donate to DVB

မြိတ်မြို့တွင် အလုပ်သမားရေးရာအသိပညာ ပေးဆွေးနွေးပွဲကို အောက်တိုဘာ ၁၄ ရက်က ပုလဲရတနာခန်းမမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

မြိတ်ခရိုင်အတွင်းရှိ မြို့နယ်တွေက စက်ရုံ၊ အလုပ်ရုံနဲ့ ဌာနဆိုင်တွေကို ခေါ်ယူဆွေးနွေးခဲ့တဲ့ အဆိုပါပွဲကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်းဒေသကြီးအဆင့် အရာရှိတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးဥက္ကာမင်းက “အလုပ်သမားတွေအနေနဲ့ ဥပဒေဘောင်အတွင်းက တောင်းဆိုတာတွေ လုပ်နိုင်သလို ဥပဒေဘောင်အပြင်က တောင်းဆိုမှုတွေ လုပ်ခဲ့ရင် အလုပ်ရှင်တွေအနေနဲ့ လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုပဲအလုပ်ရှင်တွေအနေနဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးကို သိပြီး ဖြည့်ဆည်းဆောင်ရွက်ပေးရပါမယ်။ ကျနော်တို့ အခုလုပ်တဲ့ပွဲက မြိတ်မှာ ပထမဆုံးလုပ်တဲ့ပွဲပါ။ အဓိကကူညီဆောင်ရွက်ပေးတာက အလုပ်သမားဦးစီးဌာနက တာဝန်ရှိသူတွေပါ။ ဌာနဆိုင်ရာတွေကိုလည်း အများကြီးကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။

အလုပ်ရှင်/အလုပ်သမားများ အခွင့်အရေးနဲ့ပတ်သက်ပြီး သိကောင်းစရာတွေကို အသိပညာပေး ဆွေးနွေးခဲ့တာဖြစ်ပြီး တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေနဲ့ နှိုင်းယှဉ်ပါက တနင်္သာရီတိုင်းဒေသကြီးမှာ ပြဿနာနည်းပါးကြောင်း သိရပါတယ်။

“ကျနော်တို့ တိုင်းဒေသကြီးမှာ လုပ်ငန်းခွင် အလွန်အေးချမ်းတယ်လို့ ပြောလို့ရပါတယ်။ ရန်ကုန်၊ မန္တလေးတို့ တမြို့နယ်စာလောက်မှာ ဖြစ်နေတဲ့အမှုက ကျနော်တို့ တိုင်းဒေသကြီး တစ်ခုလုံးစာလောက်ဖြစ်နေတော့ တခြားတိုင်း နဲ့ ပြည်နယ်တွေ ထက်လုပ်ငန်းခွင် အေးချမ်းတယ်လို့ ပြောလို့ရပါတယ်” လို့ တနင်္သာရီတိုင်းဒေသကြီး အလုပ်သမားညွန်ကြားရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးဟန်ဝင်းအောင်က ပြောကြားခဲ့ပါတယ်။

တနင်္သာရီတိုင်းဒေသကြီးမှာ အနိမ့်ဆုံးလုပ်ခကိုတနေ့ကျပ် ၃၆၀၀ နှုန်းနဲ့ သတ်မှတ်ထား ပေမယ့် အလုပ်ရှင်တွေက အလုပ်သမားတွေကို ပိုမိုပေးဆောင်ခြင်း၊ အလုပ်ကျွမ်းကျင်မှု၊ ကိုက်ညီမှုအပေါ်မူတည်ပြီး ပေးချေနေကြောင်း သိရပါတယ်။

မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013