DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းမြို့တွင် CP ကြက်ကင်ဆိုင် မီးလောင်
DVB
·
October 14, 2017
စစ်ကိုင်းမြို့တွင် CP ကြက်ကင်ဆိုင် မီးလောင်
Donate to DVB

စစ်ကိုင်းမြို့၊ ပိုးတန်းရပ်၊ မြို့မဈေးအနီး Five Star အမည်ရှိ CP ကြက်ကင်ဆိုင်မှာ ဒီနေ့မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

အခုလို မီးလောင်မှုဖြစ်ပွားရတာ ကြက်ကင်စက်က မီးခိုးခေါင်းတိုင်ပေါက်ပြီး မီးပွားတွေထွက်လာပြီး အနီးက မျက်နှာကျက်နဲ့ ကတ်ထူချပ်တွေပေါ် မီးပွားကျရာက လောင်ကျွမ်းခဲ့တာပါ။

“တခြားအိမ်တွေတော့ ကူးစက်မှုမရှိပါဘူး။ ခေါင်မိုး မျက်နှာကျက်တွေနဲ့ ကတ်ထူပြားတွေ မီးကူးစက် လောင်ကျွမ်းသွားတယ်” လို့ စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ ဦးစီးမှူး ဦးမင်းစန်းအေးက ပြောပါတယ်။

မီးလောင်ရာနေရာကို စစ်ကိုင်းမြို့နယ် မီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ် ၂ စီးနဲ့ ရေသယ်ယာဉ် ၃ စီး၊ နယ်မြေမီးသတ်စခန်းက မီးသတ်ယာဉ် ၁ စီးနဲ့ မီးသတ်တပ်ဖွဲ့ဝင်ဦးရေ ၅၀ နဲ့ ပြည်သူတွေပူးပေါင်းပြီး ငြှိမ်းသတ်ခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၇၅၀၀၀ လောက် ရှိတယ်လို့ သိရပါတယ်။

စစ်ကိုင်းမြို့မရဲစခန်းက CP ကြက်ကင်ဆိုင် ဝန်ထမ်းဖြစ်သူ မတိုးဝေဆန်း ကို ဥပဒေပုဒ်မ-၂၈၅ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။

ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013