DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာတွင် တက္ကသိုလ်ကျောင်းသားတဦး ရေနစ်သေဆုံး
DVB
·
October 14, 2017
မိတ္ထီလာတွင် တက္ကသိုလ်ကျောင်းသားတဦး ရေနစ်သေဆုံး
Donate to DVB

မိတ္ထီလာမြို့၊ မိတ္ထီလာတောင်ဘက် ကန်ရေကျော် ၇ ပေါက်မှာ ရေနစ်ပျောက်ဆုံးသွားတဲ့ အဝေးသင်တက္ကသိုလ်ကျောင်းသားရဲ့အလောင်းကို ဒီနေ့မနက် ပြန်တွေ့တယ်လို့ မိတ္ထီလာမြို့မရဲစခန်း တာဝန်မှူးက ပြောပါတယ်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၃ ရက် ညနေပိုင်းက အဝေးသင်တက္ကသိုလ် လာတက်ကြတဲ့ တက္ကသိုလ်ကျောင်းသား မင်းခန့်နိုင်၊ ဝေလုကျော်နဲ့ အောင်ဇော်ထက်တို့ ၃ ဦး မိတ္ထီလာတောင်ဘက်ကန် စိုက်ပျိုးရေးသုံးရန်ပေးထားတဲ့ ရေကျော် ၇ ပေါက်မှာ ရေဆင်းချိုးကြရာ မင်းခန့်နိုင် ရေနစ်ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။

မိတ္ထီလာမြို့မရဲစခန်း ဒုရဲအုပ်အောင်သူမင်းက “ရေအနက်က ၈ ပေလောက်ရှိမယ်။ အကျယ်ပေ ၃၀ လောက်ပေါ့။ မနေ့ညနေကတော့ ဝိုင်းပြီးရှာကြတယ်။ မတွေ့ဘူး။ ဒီနေ့မနက်မှ ရေမြောင်းထဲ ပေါ်လာတယ်။ ပြင်ပဒဏ်ရာမတွေ့ရပါဘူး” လို့ ပြောပါတယ်။

မိတ္ထီလာမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၃/၂၀၁၇ နဲ့ အမှုဖွင့်ပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးနေပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013