DVB Logo
Home
မြန်မာသတင်း
တနင်္သာရီ-မောတောင် ကားလမ်းတွင် လက်လုပ်သေနတ်ကိုင်ဆောင်သူ ၂ ဦး ဖမ်းမိ
DVB
·
October 14, 2017
တနင်္သာရီ-မောတောင် ကားလမ်းတွင် လက်လုပ်သေနတ်ကိုင်ဆောင်သူ ၂ ဦး ဖမ်းမိ
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာ၊ ASI ဆီအုန်းကုမ္ပဏီအနီး တနင်္သာရီ-မောတောင်ကားလမ်းမပေါ်မှာ အောက်တိုဘာ ၁၃ ရက်နေ့၊ နေ့လယ် ၁ နာရီလောက်က တရားမဝင် လက်လုပ်သေနတ်ကိုင်ဆောင်သူ ၂ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

မြိတ်ခရိုင် မှုခင်းအကူအဖွဲ့တာဝန်ခံ ရဲအုပ်ခင်မောင်အေးက “ချောင်းလမု ဘက်ကနေ မောတောင်မြို့ဘက်ကို လူ ၂ ဦး လက်နက်ကိုင်ဆောင်ပြီး မူးယစ်ဆေးရောင်းဝယ်ဖြန့်ဖြူးဖို့ လာမယ်ဆိုတာ သတင်းရလို့ ကျနော်တို့ မြိတ်ခရိုင်မှုခင်းအကူတပ်ဖွဲ့နဲ့ ပူပေါင်းအဖွဲ့တွေ တနင်္သာရီ-မောတောင် ကားလမ်းပေါ်မှာရှိတဲ့ ASI ဆီအုန်းကုမ္ပဏီအနီးမှာ စောင့်နေတယ်။ မျိုးသူ မောင်းနှင်ပြီး ရဲကို (ခ)နောင်ဖြူထိုင်လိုက်လာတဲ့ ဆိုင်ကယ်ကို ရပ်ခိုင်းပြီးစစ်ဆေးတော့ မျိုးသူ လွယ်ထားတဲ့ လယ်သာ ဘေးလွယ်အိတ်ထဲက အရှည် ၈ လက်မခွဲခန့် ရှိတဲ့ လုပ်သေနတ် နဲ့ ပွိုင့်-၃၈ စပါယ်ရှယ် ကျည် ၁ တောင့် တွေ့လို့ သက်သေ တွေရှေ့မှာ သိမ်းဆည်းပြီးမောတောင်နယ်မြေ ရဲစခန်းကို လွဲအပ်ပေးခဲ့တယ်” လို့ ပြောကြားခဲ့ပါတယ်။

တရားမဝင် လက်လုပ်သေနတ်(လက်နက်ပုန်း)အား ကိုင်ဆောင်တဲ့ မျိုးသူနဲ့ ရဲကို(ခ)နောင်ဖြူတို့ကို မောတောင်မြို့မရဲစခန်းက လက်နက်ပုဒ်မ-၁၉(စ) နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။။

မြတ်ထွဋ် ( မြိတ် )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013