DVB Logo
Home
မြန်မာသတင်း
စင်ကာပူ ပလာဇာတွင် ခိုက်ရန်ြဖစ်ပွားသည့် မြန်မာ ၇ ဦး ထောင်ဒဏ်ချမှတ်ခံရ
DVB
·
October 14, 2017
စင်ကာပူ ပလာဇာတွင် ခိုက်ရန်ြဖစ်ပွားသည့် မြန်မာ ၇ ဦး ထောင်ဒဏ်ချမှတ်ခံရ
Donate to DVB

စင်ကာပူနိုင်ငံ ပင်နီဆူလာပလာဇာမှာ စီးကရက်ကိစ္စနဲ့ပတ်သက်ပြီး စကားများရာမှ စင်ကာပူ နိုင်ငံသား ၃ ဦးနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့မှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံသား ၇ ဦးကို ထောင်ဒဏ် ၁၂ လ ချမှတ်လိုက်တယ်လို့ သိရပါတယ်။

၂၀၁၇ ခုနှစ် ဇွန်လ ၄ ရက်နေ့ ညပိုင်းက ပင်နီဆူလာပလာဇာအနီးမှာ ခိုက်ရန်ဖြစ်ပွားခဲ့လို့ ဖမ်းဆီးခဲ့ပြီးနောက် အောက်တိုဘာလ ၁၃ ရက်နေ့မှာ တရားရုံးကြားနာပြီး ထောင်ဒဏ် ချမှတ်ခဲ့တာပါ။

ထောင်ဒဏ်ချမှတ်ခံရတဲ့ မြန်မာနိုင်ငံသား ၇ ဦးဟာ အလုပ်လုပ်ပိုင်ခွင့် လက်မှတ် (Work Permit) ကိုင်ဆောင်သူတွေဖြစ်ပြီး သောင်တူးစက်ဖြင့် ရေကြောင်း ရှင်းလင်းတဲ့ သဘောင်္ကျင်းတည်ဆောက်ရေးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ်လုပ်သူတွေလို့ ဆိုပါတယ်။

မြန်မာနိုင်ငံသား ၇ ဦးက စကားပြန်တွေက တဆင့် သက်ညာတဲ့အနေနဲ့ ပြစ်ဒဏ်လျော့ပေါ့ပေးဖို့ တောင်းဆိုခဲ့ပြီး သူတို့က မြန်မာနိုင်ငံက မိသားစုတွေကို ထောက်ပံ့နေရသူတွေဖြစ်လို့ ဖမ်းဆီးခံရကတည်းက သူတို့မှာ ဝင်ငွေ မရှိတာ ၄ လ ရှိပြီလို့ တရားရုံးကို ပြောပါတယ်။

ခရိုင်တရားသူကြီး အင်မ်ရန်ဟာမစ်ဒ်က စင်ကာပူနိုင်ငံဟာ ရုန်းရင်းဆန်ခတ်မှုနဲ့ပတ်သက်ရင် အရမ်းအလေးအနက်ထားကြောင်း၊ ဒီလိုထောင်ဒဏ် ချမှတ်တာက လစ်တဲမြန်မာလို့ သတ်မှတ်နေတဲ့ ပင်နီဆူလာမှာ နောက်မဖြစ်လာအောင် သတိပေးတာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ရာဟူးနယူးစ်သတင်းမှာ အောက်တိုဘာလ ၁၃ ရက်နေ့က ဖြော်ပပါတယ်။

ထောင်ဒဏ်ချမှတ်ခံရသူတွေက အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ်နဲ့ ကြိမ်ဒဏ် ကျခံနိုင်ဖွယ်ရာ အမှုရင်ဆိုင်ခဲ့ရတာလို့လည်း သိရပါတယ်။ စင်ကာပူနိုင်ငံသား ၃ ဦးကိုတော့ ဘယ်လိုပြစ်ဒဏ်ချမှတ်ခဲ့လဲ ဆိုတာတော့ သတင်းမှာ မဖော်ပြထားပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013