DVB Logo
Home
မြန်မာသတင်း
မြိတ်ကျွန်းစုကို ပုဂံခရီးသွားလုပ်ကိုင်သူများက ဖုံးကွယ်ထားကြောင်း တနင်္သာရီတိုင်းဝန်ကြီးချုပ်ပြော
DVB
·
October 14, 2017
မြိတ်ကျွန်းစုကို ပုဂံခရီးသွားလုပ်ကိုင်သူများက ဖုံးကွယ်ထားကြောင်း တနင်္သာရီတိုင်းဝန်ကြီးချုပ်ပြော
1 / 2
Donate to DVB

မြိတ်ကျွန်းစုကို ခရီးသွားဧည့်သည်တွေ ပိုမို ၀င်ရောက်လာမှာကို စိုးရိမ်တဲ့အတွက် ပုဂံဒေသခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ဖုံးကွယ်ထားကြောင်း တနင်္သာရီတိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က“မြိတ်ဒေသမှာ Mergui Archipelago လို့ ခေါ်တဲ့ မြိတ်ကျွန်းစုတွေကို ပြီးခဲ့တဲ့ နှစ်ကဆိုလျှင် ဘဏ္ဍာရေးနှစ်မှာ ကျမတို့ မြိတ်ကျွန်းစုမှာ ခရီးသွား အများဆုံးရရှိခဲ့တဲ ဒေသဖြစ်ခဲ့ပါတယ်။ ကျမတို့ ပုဂံဆိုတာ မြန်မာနိုင်ငံမှာ နှစ်တိုင်းနှစ်တိုင်း ခရီးသွား အများဆုံး ရရှိတဲ့ ဒေသလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ၂၀၁၆- ၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ ပုဂံမှာ ခရီးသွား ဦးရေ သုံးသိန်းတစ်သောင်းကျော် ရရှိခဲ့ပေမယ့် မြိတ်ကျွန်းစုမှာတော့ ကျမတို့ ပိုင်ဆိုင်ထားတဲ့ နယ်စပ်ဂိတ်များကနေပြီး၊ ဘန်ကောက်ကနေ လာရောက်တဲ့ ခရီးသွား ဧည့်သည်တွေ လေးသိန်း ရှစ်သောင်းအထိ တိုးတက်သွားလို့ ပုဂံဒေသက ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ဒီဒေတာတွေကို သူတို့က ဖုံးကွယ်ပြီးတော့ ထားနေပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ရှေ့နှစ်အခါမှာ ပုဂံကို ခရီးသွားတွေ နည်းပြီးတော့ မြိတ်ကျွန်းစုတွေကို ခရီးသွားလာမှု များပြားလာမှာကို သူတို့ အရမ်းပဲ စိုးရိမ်နေကြပါတယ်။ အခုဆိုရင် ပုဂံမှာ ဟိုတယ်ကြီးတွေ စားသောက်ဆိုင်ကြီးတွေ ခမ်းခမ်းနားနား လုပ်ပြီးတော့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက မြိတ်ကျွန်းစုကို ဖုံးကွယ် နေကြပါတယ်။ ဒါပေမယ့် ဘယ်အရာမှ ကြာရှည် ဖုံးကွယ်လို့ မရပါဘူး၊ ကျမတို့ တနင်္သာရီတိုင်းမှာ အခုဆိုရင် သီတင်းကျွတ် ကာလမှာတောင် ခရီးသွား ဧည့်သည်တွေ အများဆုံး လာရောက် လည်ပတ်နေပါပြီး၊ ခရီးသွား လုပ်ငန်းတွေလည်း အောင်အောင်မြင်မြင် ဖြစ်နေတဲ့ ဒေသ ဖြစ်တယ်” လို့ ပြောပါတယ်။

မြိတ်ကျွန်းစု ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး ကျွန်းပေါင်း ၈၀၀ ကျော်အနက် သွားရောက် လည်ပတ်နိုင်တဲ့ ကျွန်းတွေကို ပြီးခဲ့တဲ့ ခရီးသွားရာသီမှာ ပြည်တွင်/ပြည်ပ ခရီးသွား ဧည့်သည်တွေ အများဆုံး လာရောက် လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

ဆာခူရာ ခရီးသွားလုပ်ငန်း ကုမ္ပဏီမှ တာဝန်ရှိသူ ဦးဇော်မင်းဦးက “ဒီနှစ်က ၂၀၁၇- ၁၈ ခရီးသွားရာသီမှာ အခုမှ ရာသီစဖို့ ပြင်ဆင်နေသေးတဲ့အတွက်ကြောင့် ခရီးသည်တွေ ၀င်နိုင်တဲ့နှုန်းကို ဘယ်လောက်အထိ လာကြမလဲဆိုတာ အတိအကျတော့ မခန့်မှန်းနိုင်သေးဘူး။ သို့သော် လာမည့်နှစ်တွေထက် ခရီးသည်တွေ လျှော့နည်းနိုင်တဲ့ အနေအထား ရှိပါတယ်။ ဘာဖြစ်လို့ဆိုတော့ ရခိုင်အရေးကြောင့် ပြည်တွင်း ခရီးသွားတွေအတွက်က အကျိုးသက်ရောက်မှုမရှိပေမယ့် နိုင်ငံခြားသား ခရီးသည်အနေနဲ့ အကျိုးသက်ရောက်မှု ရှိပါတယ်။ ပုဂံဒေသအတွက်ကတော့ အနည်းဆုံး ၇၀ ရာခိုင်နှုန်း လောက်တော့ ထိခိုက်မှု ရှိနိုင်ပေမယ့် ကျနော်တို့ တနင်္သာရီတိုင်းဒေသကြီးအတွက်ကတော့ ရခိုင်နဲ့ နည်းနည်း အလှမ်းကွာတဲ့အတွက် ၄၀ ရာခိုင်နှုန်းလောက်ပဲ ထိခိုက်နိုင်မယ်လို့ မှန်းထားတယ်” လို့ ပြောပါတယ်။

မြိတ်ကျွန်းစုဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ နာမည်ရလာတဲ့ ခရီးသွား ဒေသတစ်ခုဖြစ်ကာ သဘာဝအတိုင်း ကျွန်းပေါင်း ၈၀၀ ကျော်ထဲက တစ်ခု ဖြစ်ပါတယ်။

ဒါ့အပြင် မြိတ်မြို့မှာ ခရီးသွားလုပ်ငန်း ကုမ္ပဏီတွေလည်း ပြီးခဲ့တဲ့နှစ်က ကုမ္ပဏီ ၁၈ ခုသာ ရှိခဲ့ရာမှ အခုနှစ်မှာတော့ ကုမ္ပဏီ  ၈ ခု တိုးလာပြီး စုစုပေါင်း ကုမ္ပဏီရုံးခန်း ၂၆ ခု အထိ ရှိလာ ဖြစ်ဆြောခူရာ ခရီးသွားလုပ်ငန်း ကုမ္ပဏီမှ တာဝန်ရှိသူ ဦးဇော်မင်းဦးကကြောင်း မြိတ်ခရိုင် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနရုံးက သိရပါတယ်။

သတင်းနှင့်ဓာတ်ပုံ-ဇော်ဇော် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013