DVB Logo
Home
မြန်မာသတင်း
၎ နှစ်အရွယ်ကလေးမအား အဓမ္မပြုကျင့်ရန် ကြိုးစားသည့် ၅၈ နှစ် အမျိုးသားကို ဖမ်းဆီး
DVB
·
October 14, 2017
၎ နှစ်အရွယ်ကလေးမအား  အဓမ္မပြုကျင့်ရန် ကြိုးစားသည့် ၅၈ နှစ် အမျိုးသားကို ဖမ်းဆီး
Donate to DVB

ပဲခူးမြို့၊ ကလျာဏီရပ်ကွက်၊ စစ်မှုထမ်းဟောင်း အိမ်ရာမှာ အောက်တိုဘာ ၁၃ ရက် ညနေ ၃ နာရီခွဲက အသက် ၄ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့တဲ့ အသက် ၅၈ နှစ်အရွယ် အမျိုးသားတဦးကို ရဲက ဖမ်းဆီးလိုက်ပါတယ်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၃ ရက် ညနေက မိခင်ဖြစ်သူ မအေးသန်း နဲ့ သမီးဖြစ်သူ ၄ နှစ် သမီးတို့ တီဗွီကြည့်နေချိန် သမီးဖြစ်သူက မုန့်သွားဝယ်မယ်လို့ဆိုကာ အပြင်ကိုထွက်ပြီးနောက် ၁၅ မိနစ်ကျော်ကြာတဲ့အထိ ပြန်ရောက်မလာတဲ့အတွက် ပတ်ဝန်းကျင်မှနေအိမ်တွေကို လိုက်လံရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။

လိုက်ရှာရာမှာ အိမ်နီးချင်းတဦးက ဦးသာကျော်ရဲ့ နေအိမ်အတွင်းဝင်သွားကြောင်း ပြောပြတဲ့အတွက် ဦးသာကျော်နေအိမ်ကို သွားရှာရာ ခြင်ထောင်အတွင်းမှာ သမီးဖြစ်သူဟာ အင်္ကျီ၊ ဘောင်းဘီမပါဘဲ ဦးသာကျော်ရဲ့ ပေါင်ပေါ်မှာထိုင်နေတာတွေ့ရလို့  အိမ်ကိုပြန်ခေါ်လာခဲ့ကြောင်း၊ အိမ်ရောက်တဲ့အခါ  သမီးဖြစ်သူကို မေးမြန်းရာ ဦးသာကျော်က လှမ်းခေါ်လို့ သွားရောက်ခဲ့ကြောင်း၊ အဲဒီနောက် ခြင်ထောင်ထဲအတင်းဆွဲခေါ်ကာ အဓမ္မပြုကျင့်ဖို့ ကြံစည်ကြိုးစားခဲ့ကြောင်း ရဲစခန်းမှာ မိခင်ဖြစ်သူက ထွက်ဆိုခဲ့ပါတယ်။

သမီးဖြစ်သူကို အဓမ္မပြုကျင့်ဖို့ ကြံစည်ခဲ့သူ သာကျော်ကို အရေးယူပေးဖို့ မိခင်ဖြစ်သူက တရာလိုပြုလုပ်တိုင်တန်းခဲ့လို့ အမှတ်(၂) နယ်မြေရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၇၆/၅၁၁ နဲ့ တရားခံကို ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။

အောင်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013