DVB Logo
Home
မြန်မာသတင်း
အလုပ်သမားအခွင့်အရေး ဆုံးရှုံးခဲ့သည့် မြန်မာအလုပ်သမား ၁၀၀ ကျော် ပြန်ရောက်
DVB
·
October 13, 2017
အလုပ်သမားအခွင့်အရေး ဆုံးရှုံးခဲ့သည့် မြန်မာအလုပ်သမား ၁၀၀ ကျော် ပြန်ရောက်
1 / 4
Donate to DVB

ထိုင်းနိုင်ငံအတွင်း MOU စနစ်နဲ့ သွားရောက်အလုပ်လုပ်ကိုင်ခဲ့ရာမှာ အလုပ်သမားအခွင့်အရေးဆုံးရှုံးခဲ့တဲ့ မြန်မာအလုပ်သမား ၁၁၇ ဦး ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ကို မနေ့က မနက် ၁၀ နာရီလောက်က ပြန်လည်ဝင်ရောက်လာပါတယ်။

ထိုင်းနိုင်ငံအတွင်း အလုပ်သမားအခွင့်အရေးဆုံးရှုံးခဲ့တဲ့ အလုပ်သမားတွေ မနစ်နာရအောင် ညှိနှိုင်း လုပ်ဆောင်သွားမယ်လို့ ဘားအံမြို့ ကရင်ပြည်နယ် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်မင်းက ပြောပါတယ်။

“အလုပ်သမားသံရုံးနဲ့ ချိတ်ဆက်ပြီး ပြန်ခေါ်လာတာပါ။ အလုပ်သမားတွေက ထိုင်းကိုရောက်တော့ အလုပ်မရှိတော့ ဒုက္ခရောက်တာပေါ့။ လောလောဆယ်တော့ ရွှေစင်ကိုးပွင့် ကုမ္ပဏီက အလုပ်သမားတွေက ပြန်မသွားတော့ဘူး။ ကုမ္ပဏီဘက်ကို သူတို့ ကုန်ကျတဲ့ ၀န်ဆောင်ခ၊ စာရွက်စာတမ်းကြေးတွေ ပြန်တောင်းတယ်။ ရန်အေးကုမ္ပဏီဖက်ကခေါ်တဲ့ အလုပ်သမားတွေကျတော့ ပြန်သွားပြီး ထိုင်းနိုင်ငံက ဆိုင်ကယ်ဝပ်ရှော့ရုံမှာ လုပ်မယ်လို့တော့ သိထားတယ်။ ဒီမနက် အခြေအနေက ကုမ္ပဏီနဲ့ အလုပ်သမားတွေ ညှိနှိုင်းနေတယ်။ မပြေလည်ဘူးဆိုရင် ညှိနှိုင်းထားတဲ့ အပေါ်ကြည့်ပြီး အလုပ်သမားတွေ မနစ်နာရအောင် ဆက်လက်လုပ်ဆောင်မှာပါ”လို့ ပြောပါတယ်။

အလုပ်သမား အခွင့်အရေးဆုံးရှုံးခဲ့တဲ့ မြန်မာအလုပ်သမား ၁၁၇ ဦးကို မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများ ကူညီရေးစောင့်ရှောက်ရေး ကော်မတီ(AAC)အဖွဲ့မှ ကိုရဲမင်းရဲ့ ကူညီဆောင်ရွက်မှုနဲ့ မဲဆောက်မြို့ကို ရောက်ရှိလာရာ အမှတ် ၃ တပ်နယ် ကွပ်ကဲရေးအရာရှိ (BGF) ဗိုလ်မှူး ခင်မောင်ဝင်းတို့ကကြိုဆိုပြီး ထိုင်း-မြန်မာနယ်စပ် အမှတ် ၁ ချစ်ကြည်ရေးတံတားပေါ်ကနေ ကျောက်လုံးကြီး ကြိုဆိုလက်ခံရေးစခန်းကို အောက်တိုဘာ ၁၂ ရက်နေ့ မနက်၁၀ နာရီက ပြန်လည်ဝင်ရောက်လာခဲ့တာပါ။

အဆိုပါ အလုပ်သမားတွေကို ထိုင်းအလုပ်အကိုင် ရှာဖွေရေးကုမ္ပဏီနဲ့ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး ရန်အေးကုမ္ပဏီ၊ ရွှေစင်ကိုးပွင့် ကုမ္ပဏီတို့ ချိတ်ဆက်ပြီး ထိုင်းနိုင်ငံအတွင်းကို MUO နဲ့ သွားရောက် အလုပ်လုပ်ကိုင်စေခဲ့တာပါ။

အဆိုပါ နှစ်နိုင်ငံသဘောတူညီမှု စာချွန်လွှာအရ ထိုင်းနိုင်ငံကို တရားဝင် သွားရောက်အလုပ်လုပ်ကိုင်ခဲ့တဲ့ မြန်မာအလုပ်သမားတွေကို ထိုင်းကုမ္ပဏီက ၆ လခန့်လောက်တည်းကခေါ်ယူထားပြီး ၃ လလောက်ပဲ တချို့အလုပ်ရရှိတာရှိသလို့ လုပ်ငန်းရှင်ဘက်က အလုပ်ရုံ ပြောင်းပေးရမယ်အစား အလုပ်သမားတစ်ဦးကို ဘတ် ၃၀၀၀ ပေးမှ အလုပ်ပြောင်းပေးမယ်လို့ ပြောဆိုငွေညှစ်မှုတွေရှိခဲ့တဲ့အပြင် ထပ်မံပြောင်းပေးလိုက်တဲ့ ကုမ္ပဏီကလည်း လုပ်ခလစာကနေ ၃ ရာခိုင်နှုန်း ထပ်မံဖြတ်တောက်တာတွေ ရှိလာတဲ့အတွက် ထိုင်းအလုပ်ရှင်ဘက်က စာချုပ်ပါစည်းကမ်းတွေကို ချိုးဖောက်ခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံဘက်က ကုမ္ပဏီတာဝန်ရှိသူ မစ္စတာဖန်ခင်ကို ဘားအံမြို့မှအပြန် ကော့ကရိတ်မြို့အ၀င် လှိုင်ဝစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဥပဒေ ၁၃-၁ အရ မြတီမြို့မှာ အမှုဖွင့်အရေးယူထားသလို့ ထိုင်းနိုင်ငံအလုပ်သမား ဥပဒေအရ တရားစွဲဆိုနိုင်ဖို့ ရှေ့နေများကွန်ယက်(မြ၀တီ)၊ လူမှုကူညီရေးအသင်း(မြ၀တီ)တွေက ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း- ရဲမင်းခေါင်၊ ဓာတ်ပုံ- ကြံတိုင်းအောင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013