DVB Logo
Home
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
ဆန္ဒပြရန် ပြင်ဆင်သည့်​ အလုပ်သမား​များ​နှင့်​ အာဏာပိုင်များ​ ရုန်း​ရင်း​ဆန်ခတ်ဖြစ်
DVB
·
March 30, 2012
ဆန္ဒပြရန် ပြင်ဆင်သည့်​ အလုပ်သမား​များ​နှင့်​ အာဏာပိုင်များ​ ရုန်း​ရင်း​ဆန်ခတ်ဖြစ်
Donate to DVB

ယခု​နှစ်​ ​ဖေ​ဖော်​ဝါ​ရီ​လ​ပိုင်း​က​ ​တိုင်​ရီ​ ​အ​လုပ်​သ​မား​များ​​ ​ဆ​န္ဒ​ပြ​စဉ်

လုပ်အား​ခ တိုး​မြှင့်​ရရှိ​ရေး​ ဆန္ဒပြဖို့​ ရန်ကုန်တိုင်း​ဒေသကြီး​အတွင်း​ တိုင်ရီဖိနပ်စက်ရုံ အလုပ် သမား​တွေရဲ့​ ကြိုး​ပမ်း​မှုကို အုပ်ချုပ်​ရေး​ အာဏာပိုင်​တွေက တား​မြစ်မှုအပြီး​ ရုန်း​ရင်း​ဆန်ခတ်မှုဖြစ်ပွား​ရာမှာ မြို့​နယ်အုပ်ချုပ်​ရေး​မှူး​ဖြစ်သူ ဒဏ်ရာအနည်း​ငယ် ရသွား​ပါတယ်။

ဒီအဖြစ်အပျက်နဲ့​ပတ်သက်ပြီး​ ကိုယ်တိုင်သွား​ကြည့်​သူ တဦး​ကို ​နေ့​လည် ၁၂ နာရီမှာ ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။

အခု တိုင်ရီစက်ရုံ​ရှေ့​မှာ​ပေါ့​။ ဖြစ်ပျက်​နေတဲ့​ အ​ခြေအ​နေ​တွေကို ​ပြောပြပါဦး​။

“အလုပ်သမား​တွေ ​တောင်း​ဆိုတဲ့​အချက် မ​ပြေလည်တဲ့​အတွက် ဆက်ပြီး​ ဆန္ဒပြဖို့​ လုပ်တာကို မြို့​နယ်အုပ်ချုပ်​ရေး​မှူး​နဲ့​ ခရိုင်ရဲမှူး​က လာတား​တယ်။ လမ်း​ပေါ်မှာ ဆန္ဒပြတာဟာ ဥပ​ဒေအရ တရား​မဝင်ဘူး​။ တရား​မဝင်တဲ့​အတွက် ဆန္ဒပြလို့​ မရတဲ့​အ​ကြောင်း​ကို လာ​ပြောတယ်။ အလုပ်သမား​တွေက မြို့​နယ် အုပ်ချုပ်​ရေး​မှူး​တွေ အရင်က ညှိခဲ့​တာမှာ အဆင်မ​ပြေတဲ့​ အခံရှိခဲ့​တဲ့​ အတွက် သူတို့​ ညှိတာကို လက်မခံ​တော့​ဘဲ ခဲ​တွေနဲ့​ပေါက်တာတို့​၊​ တွန်း​ထုတ်တာတို့​ လုပ်လိုက်တယ်။

မြို့​နယ်အုပ်ချုပ်​ရေး​မှူး​ ဦး​တင်စိုး​ဆိုတဲ့​ လူရဲ့​ဗိုက်မှာ ပွန်း​ရှဒဏ်ရာ တခု ရသွား​တယ်။ ရဲ​တွေက အလုပ်သမား​တွေနဲ့​ ကိုက် ၅၀၊​ ၁၀၀ ​လောက်ကို ပြန်ဆုတ်လိုက်တယ်။ ပြီး​တော့​ အ​ခြေအ​နေကို ထိန်း​ဖို့​အတွက်ဆိုပြီး​ လုံထိန်း​တွေကို ​ခေါ်လိုက်တယ်။ ဒါ​ပေမယ့်​ ​နောက်ပိုင်း​ ဘာမှမဖြစ်​တော့​ဘဲ မြို့​နယ်အလုပ်သမား​ရုံး​နဲ့​ ညှိတဲ့​အဆင့်​လုပ်​နေတဲ့​အတွက် လုံထိန်း​တွေက ပြန်ရုပ်သွား​တယ်။ ပြဿနာ အကြီး​အကျယ် မတတ်​တော့​လို့​ပေါ့​။ ဒါက ​နောက်ဆုံး​ အ​ခြေအ​နေပါ။ ၁၁ နာရီ ၁၅ မိနစ်မှာ လုံထိန်း​တွေ ပြန်ရုပ်သွား​တာပါ။ သူတို့​ရောက်လာတာက ၉ နာရီ ဝန်း​ကျင် ​ရောက်လာတာ။ ပြဿနာတတ်တာက ၉ နာရီ​ကျော်မှာ ဖြစ်တာပါ။ အလုပ်သမား​ အင်အား​က ၅၀၀ ​ကျော်​လောက်​တော့​ ရှိမယ်။”

အခု အလုပ်သမား​တွေ ဘယ်​ရောက်သွား​ပါလဲ။

“အခုထိ ဆက်ညှိ​နေတုန်း​ပဲ။”

တိုင်ရီအလုပ်သမား​တွေက သူတို့​ရဲ့​ လုပ်အား​ခနစ်နာမှုနဲ့​ ပတ်သက်ပြီး​ ဝါဏိဇ္ဇပဋိပက္ခ ခုံရုံး​က ဆုံး​ဖြတ်​ပေး​လိုက်တဲ့​ လုပ်ခလစာနဲ့​ ပတ်သက်ပြီး​ မ​ကျေနပ်တာလား​။ ဘယ်လိုဖြစ်တာပါလဲ။

“ဟုတ်ပါတယ်။ ဝါဏိဇ္ဇခုံရုံး​က ဆုံး​ဖြတ်ချက်ကို မ​ကျေနပ်တဲ့​လူ​တွေက ဆက်ဆန္ဒပြတာ။”

လက်ရှိတည်ဆဲ ဥပ​ဒေအရ ဝါဏိဇ္ဇခုံရုံး​ကို တတ်ပြီး​ပြီ ဆိုရင် ဆန္ဒပြခွင့်​ မရှိ​တော့​ဘူး​လို့​ ကြား​သိရတယ်။ ဒီကိစ္စက ဟုတ်ပါသလား​။

“ဥပ​ဒေအရ​တော့​ ဟုတ်ပါတယ်။ အလုပ်သမား​တွေဘက်က အခွင့်​အ​ရေး​ အ​နေနဲ့​ ကြည့်​မယ်ဆိုရင် သူတို့​လုပ်ပိုင်ခွင့်​ထဲမှာ ဆန္ဒပြခွင့်​ရှိတယ်​လေ။ မရမချင်း​ ကြိုး​စား​ခွင့်​ရှိတယ်။”

ဆန္ဒပြအလုပ်သမား​တွေက လုန်ငန်း​ခွင်မဝင်ဘဲ ​နေကြ​တော့​ ဝင်​ငွေ ဘယ်ကရကြပါလဲ။

“ဒါ အခက်အခဲ ရှိ​နေပါတယ်။ အလုပ်သမား​သမဂ္ဂ​တွေ ဖွဲ့​ပြီး​ပြီ ဆို​ပေမယ့်​လည်း​ ဘဏ္ဍာ​ရေး​ပိုင်း​မှာ ​တောင့်​တင်း​မှုလည်း​ ရှိတာမဟုတ်​တော့​ အခက်အခဲ​တော့​ ရှိတယ်။ အလုပ်သမား​တွေထဲမှာ မိသား​စုနဲ့​ ​နေထိုင်တဲ့​သူ​တွေ ပါသလို၊​ အ​ဆောင်မှာ​နေတဲ့​ လူ​တွေလည်း​ ရှိ​တော့​ ဆန္ဒပြတဲ့​ ရက်ကလည်း​ ကြာလာပြီဆို​တော့​ ​နေ​ရေး​ထိုင်​ရေး​လည်း​ အခက်အခဲရှိတာ ​သေချာပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013