DVB Logo
Home
မြန်မာသတင်း
ကုလသမဂ္ဂ နိုင်ငံရေးရာ လက်ထောက်အတွင်းရေးမှူးချုပ် မြန်မာပြည်လာမည်
DVB
·
October 13, 2017
ကုလသမဂ္ဂ နိုင်ငံရေးရာ လက်ထောက်အတွင်းရေးမှူးချုပ် မြန်မာပြည်လာမည်
Donate to DVB

ကုလသမဂ္ဂရဲ့နိုင်ငံရေးရာ လက်ထောက်အတွင်းရေးမှူးချုပ်  ဂျက်ဖရီဖက်တ်မန်းဟာ မြန်မာနိုင်ငံကို အောက်တိုဘာ ၁၃ ရက်ကနေ ၁၇ ရက်နေ့အထိ ၅ ရက်ခရီးလာရောက် ဖို့ရှိနေပါတယ်။

ရခိုင်ပြည်နယ်အရေးကိစ္စ မြန်မာအစိုးရနဲ့ ဆွေးနွေးဖို့ လာရောက်မှာဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ဖာရန်ဟတ်က မနေ့က ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ဆင်ရေးတွေနဲ့ အကြမ်းဖက်မှုတွေရပ်တံ့ဖို့၊ လူသားချင်းစာနာမှု အထောက်အပံ့တွေပေးခွင့်ပြုဖို့နဲ့ နေရပ်စွန့်ခွာဒုက္ခသည်တွေ နေရပ်ကို ဘေးကင်းလုံခြုံစွာပြန်နိုင်အောင် ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူချုပ်က ထပ်တလဲလဲ တောင်းဆိုထားတဲ့ အရေးပေါ်ကိစ္စတွေနဲ့ ပတ်သက်လို့ မြန်မာနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ဖို့  မစ္စတာဖက်မန်းအနေနဲ့ အကြံပြုဆွေးနွေးတာတွေလုပ်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်ရှိ အသိုင်းအ၀န်းအားလုံး အပေါ် သက်ရောက်မှုရှိတဲ့ ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ   မြန်မာနဲ့ ကုလသမဂ္ဂတို့အကြား အပြုသဘောမိတ်ဖက် ဆက်ဆံရေး တည်ဆောက်ဖို့ လည်း အဓိက ထားဆွေးနွေးသွားဖို့ရှိတယ်လို့ ဖာရန်ဟတ်ကပြောပါတယ်။

ပြီးခဲတဲ့ သြဂုတ်လကတည်းက မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် စွန့်ခွာ ထွက်ပြေးလာ သူပေါင်း ၅၃၆,၀၀၀ ထိရှိလာနေပြီး လွန်ခဲ့တဲ့ ၂ရက်အတွင်းမှာပဲ လူပေါင်း ၁၄,၀၀၀ နပ်စပ်ဖြတ်ကျော်လာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အေဂျင်စီက ထုတ်ပြန်ပါတယ်။

လတ်တလော ကော့စ်ဘဇားမှာ ရောက်ရှိနေတဲ့ ဒီဒုက္ခသည်တွေ ရောဂါကူးစက် ပျံ့နှံ့ဖြစ်ပွားမှုမရှိရအောင် တစ်လုံးကို အမေရိကန် ဒေါ်လာ  ၁၅၀ တန် အိမ်သာအလုံးပါင်း ၁သောင်းလောက် ဆောက်လုပ်ပေးဖို့ ယူနီဆက်ဖ်အဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့ မနေ့က သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့  စက်တင်ဘာ ၂၈ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာအစည်းအဝေးကျင်းပရာမှာ   ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရပ်စ်နဲ့ လက်ထောက် အတွင်းရေးမှူးချုပ်တို့ ကိုယ်တိုင် မြန်မာပြည်ကို လာရောက်ကြဖို့   မြန်မာနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဒေါက်တာသောင်းထွန်းက ဖိတ်ခေါ် ထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013