DVB Logo
Home
မြန်မာသတင်း
RCSS/SSAက ထိန်းသိမ်းထားသည့် မြန်မာ့တပ်မတော်သား၁ဦးကို ရပ်မိရပ်ဖထံအပ်နှံ
DVB
·
October 13, 2017
RCSS/SSAက ထိန်းသိမ်းထားသည့် မြန်မာ့တပ်မတော်သား၁ဦးကို ရပ်မိရပ်ဖထံအပ်နှံ
Donate to DVB

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်(RCSS/SSA)က ထိန်းသိမ်းထားတဲ့ မြန်မာ့တပ်မတော်သား ၁ ဦးကို ဒီကနေ့ မနက်က ဒေသခံရပ်မိရပ်ဖတွေနဲ့ ပြည်သူလုထုတွေထံ အခမ်းအနားနဲ့ လွှဲပြောင်းအပ်နှံခဲ့ပါတယ်။

မိုင်းပန်မြို့နယ် အမှတ်(၅၇၇) ခြေမြန်တပ်ရင်းက တပ်သားသက်ဆွေ ကိုယ်ပိုင် အမှတ်၅၀၆၂၁၄ကို အပ်နှံခဲ့တာဖြစ်ပြီး သူ့ကို ပြီးခဲ့တဲ့ သြဂုတ် ၁၁ ရက်နေ့က မိုင်းကိုင်မြို့နယ် မိုင်းခွန်အုပ်စု ကွန်ယွန်းရွာမှာ ရှမ်းလက်နက်ကိုင်အဖွဲ့က တွေ့ရှိ ထိန်းသိမ်းခဲ့တာပါ။

RCSS/SSAရဲ့ လဲချားမြို့နယ် စစ်ဒေသမှူး စိုင်းဟန်က "ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ကာလမှာ တစ်ဖက်နဲ့တစ်ဖက် ပိုပြီးယုံကြည်အောင် ပွင့်ပွင့်လင်းလင်းရှိအောင် ကျနော်တို့တပ်က ထိန်းသိမ်းထားတဲ့ မြန်မာ့တပ်မတော်သားတစ်ဦးကို ပြည်သူလူထုရှေ့မှာ ပြန်လည်အပ်နှံတာဖြစ်ပါတယ်” လို့ပြောပါတယ်။

တပ်သားသက်ဆွေက "ကျနော်တပ်ရင်းက မိုင်းပန်မှာပါ။ ခမရ(၅၇၇)က တပ်သားသက်ဆွေပါ။ ကျနော်စစ်ကြောင်းနဲ့ အတူသွားရင်းနဲ့ လမ်းမှာကျန်ခဲ့လို့ အိမ်ပြန်ချင်လို့ RCSS နဲ့တွေ့တော့ လက်နက်ချခဲ့တာပါ" လို့ ပြောပါတယ်။

ပြန်လွှဲပြောင်းပေးတဲ့ အခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်က RCSS/SSA ထိန်းချုပ်နယ်မြေတစ်နေရာမှာပြုလုပ်ခဲ့တာဖြစ်ပြီး လဲချားမြို့နယ်က ရပ်မိရပ်ဖတွေ နိုင်ငံရေးပါတီဝင်တွေ ဒေသခံပြည်သူလူထုတွေ တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013