DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ကားနှင့်ဆိုင်ကယ်တိုက်မိ၊ ၁ ဦး သေဆုံး
DVB
·
October 13, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၅၈/ ၄ နဲ့ ၅ အကြားမှာ အောက်တိုဘာ ၁၂ ရက် ည ၁၂ နာရီက ကားနဲ့ဆိုင်ကယ်  မျက်နှာချင်းဆိုင်တိုက်မိပြီး ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဝမ်းတွင်းမြို့မရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

ဖြစ်စဉ်မှာ မန္တလေးဘက်ကို ဦးအောင်မင်း မောင်းနှင်လာတဲ့ ၆ ဘီးယာဉ်နဲ့ ရန်ကုန်ဘက်ကို တတိယနှစ်ကျောင်းသား ကောင်းထက်ကျော် မောင်းနှင်လာတဲ့ ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိရာ ကောင်းထက်ကျော်က အခင်းဖြစ်နေရာတင် သေဆုံးသွားပြီး ဆိုင်ကယ်နောက်ခုံမှာ လိုက်ပါလာတဲ့ သီဟဇော်နဲ့ မမြမြင့်မိုရ် တို့ကတော့ ဒဏ်ရာရသွားတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။

မြို့မရဲစခန်း ဒုရဲအုပ်သိန်းဇော်သန်းက “ကောင်းထက်ကျော်ကတော့ ဝဲနားထင်မှာ ၄ လက်မ လောက်ပေါက်ပြဲတယ်။ နဖူးထိပ်ပေါက်တယ်။ နှာခေါင်းက သွေးထွက်နေတယ်။ နေရာတင်သေဆုံးတယ်။ သီဟဇော်ကတော့ နဖူးပေါက်တယ်။ ယာဘက်လက်ဖမိုး၊ လက်ညိုး ခြေထောက် ပွန်းပဲ့ပေါက်ပြဲတယ်။ မမြမြင့်မိုရ်ကတော့ မျက်နှာဝဲဘက်နဲ့ ခြေသလုံးပွန်းပဲ့တယ်။ ဝမ်းတွင်းဆေးရုံပို့ပေးတယ်။ ကားမောင်းသူကတော့ ဒဏ်ရာမရပါဘူး” လို့ပြောပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်းက ဟီးနိုးယာဉ်မောင်း ဦးအောင်မင်းနဲ့ ကောင်းထက်ကျော်တို့  ၂ ဦးကို ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013