DVB Logo
Home
မြန်မာသတင်း
စာတတ်မြောက်ရေးလုပ်ငန်းခွင်ဝင် ကျောင်းသားကျောင်းသူများကို ​ကူညီ​ရန် တိုက်တွန်း
DVB
·
October 13, 2017
စာတတ်မြောက်ရေးလုပ်ငန်းခွင်ဝင် ကျောင်းသားကျောင်းသူများကို ​ကူညီ​ရန် တိုက်တွန်း
Donate to DVB

စာတတ်မြောက်ရေး လုပ်ငန်းခွင်ဝင် လုပ်အားပေး ကျောင်းသား ကျောင်းသူတွေအပေါ် ထားတဲ့ ရပ်ရွာရဲ့ စေတနာ မေတ္တာက အင်မတန်မှ အရေးကြီးပြီး တတ်နိုင်သလောက် ကူညီပံ့ပိုးပေးဖို့ ကျောင်းပြင်ပနှင့် တသက်တာ ပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်  ဒေါက်တာဇော်ဝင်းက ဒေသခံကျေးရွာတွေကို အလေးအနက် တိုက်တွန်း မေတ္တာရပ်ခံလိုက်ပါတယ်။

အောက်တိုဘာ ၁၁ ရက်နေ့ မနက် ၉ နာရီက ဘားအံတက္ကသိုလ် မိုးလုံလေလုံ အားကစားရုံမှာ ကျင်းပပြုလုပ်တဲ့ ၂၀၁၇ ခုနှစ် ကရင်ပြည်နယ် အခြေခံစာတတ်မြောက်ရေး လုပ်ငန်း နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားမှာ တိုက်တွန်းပြောဆိုလိုက်တာပါ။

ကျောင်းပြင်ပနှင့် တသက်တာ ပညာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက “လာရောက်လုပ်အားပေးတဲ့ ကျောင်းသား ကျောင်းသူတွေကို ရပ်ရွာရဲ့ စေတနာ မေတ္တာ ကူညီပံ့ပိုးမှုက အင်မတန်မှပဲ အရေးကြီးပါတယ်။ ဒီလုပ်ငန်းအတွက် အဓိကကျတဲ့ အားတခု ဖြစ်ပါတယ်။ ဒီဘက်ကလည်း လုပ်အားဒါနပြုတယ်။ ဟိုဘက်ကလည်း မေတ္တာနဲ့ ဆီးကြိုတယ်။ ညှိနှိုင်းကြတယ်ဆိုရင် အဲဒါကတော့ အရေးကြီးတဲ့ တချက်ပါ။ ဒေသခံ အုပ်ချုပ်ရေးအဖွဲ့ ရပ်ရွာ လူကြီး လူငယ် အားလုံးကို ကျနော် ပညာရေးဝန်ကြီးဌာန ကိုယ်စား အလေးအနက်ကို တိုက်တွန်းချင်ပါတယ်။ မေတ္တာရပ်ခံချင်ပါတယ်” လို့ ပြောပါတယ်။

အဲဒီနည်းပြသင်တန်းကို တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူ ၂၀၀ ကျော်က ၂ ရက်ကြာ တက်ရောက်သင်ယူမှာဖြစ်ပြီး သင်တန်းပြီးဆုံးပါက ကျေးရွာပေါင်း ၇၆ ရွာရှိ စာသင်ဝိုင်း ၁၁၄ ဝိုင်းကို တက်ရောက်မယ့် စာသင်သား ၉၉၀ ဦးကို ရက်ပေါင်း ၄၀ ကြာ ပြန်လည်သင်ကြားပေးသွားမှာပါ။

စာတတ်မြောက်ရေး လုပ်ငန်းခွင်ဝင် လုပ်အားပေး ကျောင်းသား ကျောင်းသူ သင်တန်းနည်းပြတွေအတွက် တရက်ကို ၃၀၀၀ ကျပ်၊ သင်တန်းကာလ ရက်ပေါင်း ၄၀ အတွက် တဦးကို ၁၂၀၀၀၀ ကျပ် ပညာရေးဝန်ကြီးဌာနက ပြန်လည်ထောက်ပံ့ပေးသွားမယ်လို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကို ၃ ကြိမ်မြောက် ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်သလို ဒေသခံ တိုင်းရင်းသားတွေဘက်ကလည်း စာသင်ကြားမှု တိုးတက်လာတယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013