DVB Logo
Home
မြန်မာသတင်း
စာပေစိစစ်ရေးက မန္တလေးဂျာနယ်တခုကို တပတ်ပိတ်
DVB
·
March 30, 2012
စာပေစိစစ်ရေးက မန္တလေးဂျာနယ်တခုကို တပတ်ပိတ်
Donate to DVB

မန္တလေးအခြေစိုက် မြနန္ဒာစီးပွားရေးနှင့်ယဉ်ကျေးမှုဂျာနယ်က တနင်္ဂနွေနေ့ ဖြန့်ချိမယ့် ဂျာနယ်ကို မြန်မာနိုင်ငံ စာပေစိစစ်ရေးက  တားမြစ်လိုက်တယ်လို့ ဂျာနယ် တာဝန်ရှိသူ တဦးကပြောပါတယ်။

မြန်မာနိုင်ငံ စာပေစိစစ်ရေးက တာဝန်ရှိသူတဦးက မြနန္ဒာဂျာနယ် လာမယ့်တပတ် မထုတ်ဘဲ နားထားဖို့ မတ် ၂၉ နေ့လည် မှာ ဖုန်းဆက် အသိပေးတယ်လို့ ဂျာနယ်ရဲ့ တာဝန်ခံ အယ်ဒီတာ ကိုလင်းလင်းထွန်းက ပြောပါတယ်။ ဒါပေမယ့် တရားဝင် တားမြစ်စာတော့ မရရှိသေးဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က သူတို့ဂျာနယ်က ဖော်ပြတဲ့ ဆောင်းပါးနဲ့ သတင်းမှာ ရွေးကောက်ပွဲ သတင်းနဲ့ ဆောင်းပါး ပါရှိခဲ့တဲ့အပေါ်တားမြစ်တာလို့ ဆိုပါတယ်။

မြနန္ဒာဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုလင်းလင်းထွန်းက “မဲရေတွက်မှု ကိစ္စတွေ ရယ်၊ ကြားဖြတ်ရွေးကောက်ပွဲ အကြောင်းတွေကို ကျနော်တို့က သတင်းဆောင်းပါး အနေနဲ့ရော၊ သတင်းအဖြစ်နဲ့ပါ ဂျာနယ်မှာ ဖော်ပြတဲ့ အတွက် တနင်္ဂနွေကို နားဖို့ ပြောပါတယ်။”လို့ ရှင်းပြပါတယ်။

မြနန္ဒာဂျာနယ်ဟာ မြန်မာနိုင်ငံစာပေစိစစ်ရေးကို ဂျာနယ်ထုတ်ပြီးမှ တင်နိုင်တဲ့ စီးပွား ရေးနဲ့ယဉ်ကျေးမှု အမျိုးအစား ဂျာနယ်ဖြစ်ပြီး ဒီနှစ်ဆန်းပိုင်းက စတင်ထုတ်ဝေပြီး ရန်ကုန်နဲ့ မန္တလေးကို ဖြန့်ဝေနေတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ်ကလည်း ဆောင်းပါးတပုဒ်နဲ့ စပ်လျဉ်းပြီး မော်ဒန်ဂျာနယ်ကို အစိုးရ တာဝန်ရှိသူတဦးက တရားစွဲဆိုခဲ့ပြီးမှ ကျေအေးခဲ့ပါတယ်။

သက်ဆိုင်ရာအာဏာပိုင်တွေကတော့ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ခံ စာပေစိစစ် ရေးဌာနကို မကြာခင် ကာလအတွင်းမှာ ဖျက်သိမ်းတော့မယ်လို့ ထုတ်ဖော်ပြောကြား ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013