DVB Logo
Home
မြန်မာသတင်း
တပ်မတော်လူ့အခွင့်အရေးချိုးဖောက်ကြောင်းထုတ်ပြန်ခဲ့သည့် ဦးခိုင်မျိုးထွန်း ထောင် ၁နှစ်ခွဲ ချမှတ်ခံရ
DVB
·
October 12, 2017
တပ်မတော်လူ့အခွင့်အရေးချိုးဖောက်ကြောင်းထုတ်ပြန်ခဲ့သည့် ဦးခိုင်မျိုးထွန်း ထောင်  ၁နှစ်ခွဲ ချမှတ်ခံရ
Donate to DVB

 

တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကြေညာချက်ထုတ်ပြန်သူ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ) ပြန်ကြားရေးတာဝန်ခံ ဒုဥက္ကဋ္ဌဟောင်း ဦးခိုင်မျိုးထွန်းကို စစ်တွေမြို့နယ် တရားရုံးက အောက်တိုဘာ ၁၂ ရက်မှာ ထောင်ဒဏ် ၁ နှစ်နဲ့ ၆ လ ချမှတ်လိုက်ပါတယ်။

အခုလို ထောင်ဒဏ်ချမှတ်ခံရမှုအပေါ်  ဦးခိုင်မျိုးထွန်းက “တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ်၊ ၂၁ ပင်ညီလာခံကိုသွားနေတဲ့အခါ အခုလို ထောင်ဒဏ်တွေ ချလိုက်တာကတော့ လုံးဝတရားမျှတမှု မရှိဘူး။ ကျနော့်ကို ထောင်ဒဏ်ချလိုက်တာ မဟုတ်ဘူး။ NCA ကို ထောင်ချလိုက်တာပါ။ ကျနော်က NCA မှာ ပြည်နယ်အဆင့်အပစ်အခတ် ရပ်စဲလုပ်ထားတယ်။ အဲ့ဒီမှာ ကျနော်က အဖွဲ့ဝင်ပေါ့။ အခုလို ကျနော့်ကို ထောင်ချတာကတော့ NCA ကို ထောင်ချလိုက်တာ”လို့ ပြောပါတယ်။

အခုလို ထောင်ဒဏ်တွေချလိုက်တဲ့အပေါ် အယူခံဝင်ဖို့ အစီစဉ်တွေမရှိဘူးလို့ သတင်းထောက်တွေကိုပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ)တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားရာမှာ တပ်မတော်က ရွာသားတွေကို ဖမ်းဆီးနှိပ်စက် လူ့အခွင့်အရေး ချိုးဖောက်မှုရှိကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ၂၀၁၆ ဧပြီ၂၄ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ဦးခိုင်မျိုးထွန်းကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှ စစ်ဦးစီးမှူး ပထမတန်း ဒုဗိုလ်မှူးကြီး တင်နိုင်ထွန်းက မေ ၆ ရက်မှာ တရားလို ပြုလုပ်ပြီးတော့ ပုဒ်မ ၅၀၅ (ခ) ၅၀၅ (ဂ) နှင့် စစ်တွေမြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်ထားတာ ဖြစ်ပါတယ်။

ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ကို ၁၉၆၇ ခုနှစ်က စတင်ဖွဲ့စည်းကာ သီးခြားလွတ်လပ်ရေးအတွက် လက်နက်ကိုင်တိုက်နေတာဖြစ်ပြီး ၂၀၁၂ ဧပြီ ၆ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပါတယ်။

၂၀၁၅ အောက်တိုဘာ ၁၅ ရက်မှာတော့ ALP အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၈ ဖွဲ့နဲ့ အစိုးရအကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (အန်စီအေ) ကို နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013